ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ
Dawei Watch
March 27, 2026ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။
ပင်လယ်ကွေ့နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာ ထုတ်လုပ်မှုရဲ့ အဓိကနေရာမှာ ရှိနေပါတယ်။ တခြားနိုင်ငံတွေရဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်မှုမှာသုံးတဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုပစ္စည်းတွေလိုမျိုး ကုန်ကြမ်းတွေကိုလည်း ဒီနိုင်ငံတွေကပဲ အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။
ပြည်သူ့ရေးရာ စီမံဒေါက်တာကြီးဦးဆောင်တဲ့ စစ်အုပ်စုက ချမှတ်လိုက်တဲ့ မူဝါဒတွေကတော့ ပြည်သူလူထုကို ဒုက္ခနွံထဲနှစ်နေသလိုပါပဲ။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အီရန်စစ်ပွဲကို စိုက်ပျိုးလိုက်ချိန်ကစပြီး စစ်ပွဲရဲ့ ကဏ္ဍအလုံးစုံနီးပါးအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲကို စတင်ရတဲ့ ကနဦးအကြောင်းပြချက် ၊ ထရမ့်အစိုးရရဲ့ စစ်ပွဲရပ်တန့်ရေးမဟာဗျူဟာနဲ့ စစ်ပွဲပြီး အခင်းအကျင်း – စတာတွေပါ။ သမ္မတထရမ့်နဲ့ သူ့ရဲ့ အရာရှိတွေဟာ ရှေ့နောက်မညီတဲ့ အဖြေတွေ ပေးနေတာကြောင့် မေးခွန်းတွေက ဆက်ရှိနေပါတယ်။ အီရန်ကို အဏုမြူလက်နက်မထုတ်နိုင်အောင် တားဆီးဖို့ဆိုတဲ့ အကန့်အသတ်ပါ ရည်ရွယ်ချက်ကနေ လူထုအုံကြွမှုမှနေ၍ အီရန်အစ္စလာမ္မစ်အစိုးရကို ဖြုတ်ချဖို့ဆိုတဲ့ အမြင့်ဆုံး ရည်မှန်းချက်အထိ အမျိုးမျိုးအဖြေတွေ သမ္မတထရမ့်နဲ့ သူ့ရဲ့ အရာရှိတွေဟာ ပေးနေလို့ပါ။ ဒီစစ်ဆင်ရေးရဲ့ တစ်ခုသော အရာကိုတော့ ထရမ့်ဘက်က အစကတည်းက မှန်မှန်ကန်ကန် တိတိကျကျ ပြောခဲ့တာတစ်ခု ရှိပါတယ်။ ဒီစစ်ပွဲ မြန်မြန်နဲ့ ပြီးမှာမဟုတ်ဘူး ဆိုတာပါပဲ။ […]
တလောက Tanintharyi Gallery ဆိုတဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုမှာ “ထားဝယ်ဒေသအတွင်းက စိတ်ဝင်စားဖွယ် ရပ်ရွာအမည်တွေ”ဆိုတဲ့ခေါင်းစဥ်နဲ့ ပိုစ့်တစ်ခုကို တွေ့ရပါတယ်။ ဒီပိုစ့်ကိုဖတ်ရတော့ ကျနော်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိကို သတိရလွမ်းဆွတ်တဲ့စိတ်ကလေးဖြစ်လာပြီး ကိုယ့်ရွာနာမည်နဲ့ ပတ်သက်လို့ တွေးတောစဥ်းစားကြည့်ဖြစ်ပါတယ်။ ဒါကတော့ ဇာတိချက်ကြွေမွေးရပ်မြေ ကနက်သီရိဆိုတဲ့ နာမည်အကြောင်းပါ။ ကနက်သီရိမြို့ ဆိုတာ ထားဝယ်ဒေသရဲ့သမိုင်းဝင် ရှေးဟောင်းမြို့ ၁၈ ခုထဲက တစ်ခုဖြစ်ပါတယ်။ ယခုသရက်ချောင်းမြို့နယ်အတွင်းမှာတည်ရှိပြီး ထားဝယ်မြစ်ဝနဲ့ အက်ဒမန်ပင်လယ်ပြင်ကြီးကို မေးတင်ထားတဲ့ စည်းကားလှတဲ့ ပင်လယ်ကမ်းခြေရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ယခင်က မင်းနေပြည်တော်အဖြစ် မြို့တည်ခဲ့တယ်ဆိုပေမယ့် ယနေ့ခေတ်မှာတော့ ရွာအဖြစ်သာ ကျန်ရှိပါတော့တယ်။ ကနက်သီရိမြို့ကို ဓမ္မသေနမင်း၊ ကောရမ္ဘမင်းနဲ့ နဂါးဇင်းမင်းတို့က သာသနာသက္ကရာဇ် (Buddhist Era – B.E.) ဘီအီး ၂၃၈ ခုနှစ်မှာ တည်ထောင်တယ်လို့ သိရပါတယ်။ […]
စာဖတ်သူများခင်ဗျား…။ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို ပြန်မသွားကြည့်ကြပါနဲ့။ ဒီစစ်ပွဲရဲ့ ရင်နင့်စရာအကောင်းဆုံး မြင်ကွင်းကို မြင်ရပါမယ်။ အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့က ‘သန့်ရှင်းသော သစ်ပင်’ဆိုတဲ့ နာမည်နဲ့ မူလတန်း မိန်းကလေးစာသင်ကျောင်း ဟာ အဲဒီနေ့မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပါတယ်။ လူပေါင်း ၁၇၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အီရန်အစိုးရပိုင်မီဒီယာက ကြေညာပါတယ်။ အများစုက ကလေးငယ်တွေပါ။ ပြိုကျနေတဲ့ စာသင်ကျောင်းရဲ့ အုတ်ခဲအစအနတွေကြားမှာ ပြတ်ထွက်သွားတဲ့ လူသားကလေးငယ်အပိုင်းအစတွေကို မျက်စိထဲမှာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ပရိဒေဝဟာ အစွမ်းထက်သဗျ။ ‘သန့်ရှင်းသော သစ်ပင်’ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဟာ အေအိုင်နဲ့ ပစ်မှတ်မှားယွင်းသတ်မှတ်ပြီး တိုက်ခိုက်လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ စက်ရုပ်လက်နက် ထိန်းချုပ်ရေးကော်မတီ (ICRAC) ဥက္ကဋ္ဌ ပီတာအာဆာရိုက ဆိုပါတယ်။ […]
အက်ရှင်ကားတွေထဲမှာ တွေ့မြင်ရတဲ့ မြင်ကွင်းမျိုး ထားဝယ်က စာသင်ကျောင်းထဲမှာ တွေ့နိုင်ပါပြီ။ ထားဝယ်မြို့ အထက်တန်းကျောင်းတစ်ခုရဲ့ အိမ်သာအရှေ့မှာ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး ဒူးထောက်တောင်းပန်ခိုင်းနေတာပါ။ ဒါက အာဏာသိမ်းပြီး ၄ နှစ်ကျော်လောက်ကစပြီး ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွလို့ မောင်ဖြိုးက ဆိုလိုက်ပါတယ်။ ဒီမြင်ကွင်းမျိုးက သူ့အတွက်အထူးအဆန်းမဟုတ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ လို့လည်း ဆိုပါတယ်။ နယ်ကျေးရွာတွေရဲ့ မတည်ငြိမ်မှုတွေကြောင့် ပညာသင်ဖို့အတွက် ၂၀၂၅ ခုနှစ်မှာ ထားဝယ်မြို့ပေါ်ကို အားကိုးတကြီး ပြောင်းရွှေ့လာခဲ့တဲ့ မောင်ဖြိုးအတွက် မြို့ပေါ်က ကျောင်းတော်ကြီးဟာ ထင်ထားသလို လုံခြုံတဲ့နေရာ ဟုတ်မနေခဲ့ပါဘူး။ “သူတို့က ကျွန်တော်တို့ဆီမှာ ပိုက်ဆံလိုက်ချေးတယ်။ ချေးပြီးရင်လည်း ပြန်မပေးတော့ဘူး။ မပေးလို့ တောင်းရင်း ရန်ဖြစ်တော့ ကျွန်တော်တို့ကို ကျောင်းအိမ်သာရှေ့ကိုခေါ်ပြီး သေနတ်နဲ့ချိန်တယ်။ ပြီးရင် […]
သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က နေ့မအား ညမနား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများ တရစပ် လုပ်ဆောင်နေသည်။ ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေသည်။ ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး စစ်အာဏာရှင်တပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလဆန်းက စတင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်သည် စစ်တလင်းပြင်အတိ ဖြစ်လာသည်။ ကျေးရွာ ၂၀ ကျော်က အရပ်သားပြည်သူများ ထွက်ပြေးနေကြရပြီး ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရသည်။ သရက်ချောင်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလဆန်းမှာ စစ်ကြောင်းစထိုးပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲစဖြစ်သည်။ ယင်းနောက် မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ရာမှ တိုက်ပွဲများ […]