ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

January 31, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

·      တနင်္သာရီ သဲဖြူရွာနားက စစ်ဘေးရှောင် ၁၅၀၀ လောက်အတွက် ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

·      တနင်္သာရီ လေးမိုင်ရွာမှာ မြေမြှုပ်မိုင်းကို တုတ်နဲ့ထိုးလို့ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး‌ဒဏ်ရာရ

·      တနင်္သာရီ ရမ်းဖိုရွာမှာ စစ်အာဏာရှင်တပ်လှည့်ကင်းကို မိုင်းဆွဲတိုက်ခိုက်

·      ငါးဖမ်းပိုက်မှာဖမ်းမိတဲ့ ဧရာဝတီလင်းပိုင်ကို ဘုတ်ပြင်းရေလုပ်သားတွေပြန်လွှတ်ပေး

·      လောင်းလုံးက စခန်းကြီးရွာမှာ ဒရုန်းဗုံးပေါက်လို့ အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

·      လောင်းလုံးရှိ ခလရ ၁၀၄ တပ်ရင်းကို ဒရုန်းနဲ့တိုက်ခိုက်

·      ထားဝယ်မှာ စစ်အာဏာရှင်တပ်က လောင်းကစားဝိုင်းဝင်ဖမ်းပေမယ့် ငွေတောင်းပြီးပြန်လွှတ်

·      ထားဝယ်မြစ်အတွင်းရှိ သက်တမ်းရင့် ဆင်ဖြူပြင်ဆိပ်ခံဘော ရေဝင်နစ်မြုပ်

·      ထားဝယ်အရှေ့တောမှာ ဗုံး မတော်တဆပေါက်ကွဲလို့  KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

•          ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “ငွေပေးပြီး ကြောက်နေရတဲ့ မြိတ်ဒေသခံတွေ”  အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။