Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောမှာ ဗုံးမတော်တဆပေါက်ကွဲပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတဲ့ အခြေအနေ
- တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာသားတစ်ဦးကို စစ်အာဏာရှင်တပ်ကဖမ်းသွားတဲ့ အကြောင်း
- တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ မြေမြှုပ်မိုင်းကိုတုတ်နဲ့ထိုးလို့ ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရတဲ့ အခြေအနေ
- ငါးဖမ်းပိုက်မှာဖမ်းမိတဲ့ ဧရာဝတီလင်းပိုင်ကို ဘုတ်ပြင်းရေလုပ်သားတွေ ပြန်လွှတ်ပေးတဲ့အကြောင်း
- ရနောင်းမှာ ရော်ဘာတောထဲဆေးခန်းဖွင့်ထားတဲ့ မြန်မာဇနီးမောင်နှံကို ထိုင်းစစ်တပ်ဝင်ဖမ်းတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






