ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

February 14, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ရွေးကောက်ပွဲအပြီး စစ်အာဏာရှင်တပ်က ပုလောမြို့နယ်ရှိ  နေအိမ် ၂၄၀ ကို မီးရှို့ဖျက်ဆီး
  • ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နေအိမ် ၄၀ ကျော်ကို စစ်အာဏာရှင်တပ်က ဆက်တိုက်မီးရှို့

• မြိတ်-ထားဝယ် ခရီးသည်တင်အမြန်ရေယာဉ် ပစ်ခတ်ခံရပြီး မောင်းနှင်သူအပါအဝင် လေးဦးဒဏ်ရာရ

• ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ ရဟန်းတစ်ပါးဒဏ်ရာရ

• ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိတဲ့မြိတ်မှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

• လောင်းလုံးမှာ လက်နက်ကိုင်အချင်းချင်း ထိုးကြိတ်မှု မြို့နယ် ပအဖ ဆီ တိုင်ကြားတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “စစ်အုပ်စုရဲ့ ပိတ်ဆို့မှုတွေနဲ့အတူ သတင်းအမှောင်ချခံထားရတဲ့ တနင်္သာရီ”  အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။