Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ရဟန်းတစ်ပါး ဒဏ်ရာရတဲ့ အခြေအနေ
- စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးတဲ့အတွက် တနင်္သာရီမြို့နယ် တမုတ်ချုံးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တဲ့ သတင်း
- စစ်အာဏာရှင်တပ်က ငါးရက်အတွင်း ပုလောမြို့နယ်ရှိ နေအိမ် ၂၄၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးတဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ စစ်အာဏာရှင်တပ်က ကျေးရွာနှစ်ရွာကို ဆက်တိုက်မီးရှို့တဲ့ သတင်း
- ရေးမှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးအဖွဲ့တိုက်ခိုက်တဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






