ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးတက်နေသည်။
ပြီးခဲ့သီတင်းပတ် ဇူလိုင်လ ၂၆ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၆,၀၀၀ ကျပ်သာ စျေးရှိပြီး ဩဂုတ်လ ၁ ရက်တွင်မူ ၆,၅၀၀ကျပ် ဖြစ်လာသည်။
တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ လျှင် ၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ကြက်သွန်ဖြူ၊ အာလူးနှင့် ငရုတ်သီးတို့မှာမူ ဈေးငြိမ်လျက်ရှိသည်။
ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူတစ်ပိဿာ ၁၂,၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၄,၀၀၀ကျပ်နှင့် ငရုတ်သီးအခြောက်(ရွှေအပ်) တစ်ပိဿာ ၁၈,၀၀၀ကျပ် စျေးရှိသည်။









