BREAKING
October 25, 2025

ဆင်ဖြူရှင် အကျဉ်းစခန်းမှ ၁၆ ဦးလွတ်

August 1, 2023

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် အကျဉ်းစခန်းမှ ယနေ့ ၁၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ထုံခါအကျဉ်းခန်းခေါ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ထုံခါးကျေးရွာတွင် တည်ရှိသည်။

ယနေ့တွင် အဆိုပါအကျဉ်းစခန်းမှ အကျဉ်းသား ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် သတင်းများကိုဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရန်ချန်နယ်တို့တွင် ဖော်ပြကြသည်။