BREAKING
November 1, 2024

ထိပ်တန်းသတင်း

ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု ငွေကျပ်ခြောက်သိန်းပေးပြီး စေခိုင်းခြင်းဟု ထွက်ဆို

August 18, 2020

ဖမ်းဆီးစစ်ဆေးချက်များအရ ငွေကျပ်ခြောက်သိန်းသာ ပေးကာ လူနှစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်ပေးရန် ခိုင်းစေခဲ့ကြောင်း ပေါ်ပေါက်လာသည်။ ထားဝယ်မြို့နှင့် ဆယ်မိုင်ကျော်သာ ဝေးကွာသည့် ဓားသွေးကျောက်ကျေးရွာရှိ နေအိမ်၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်စောစောတွင် သားအဖနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ အသက် ၇၈ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို အနီးကပ်ပစ်ခတ်သွားခြင်း ဖြစ်သည်။ ဖုန်းအပေါင်ထားပြီး ငွေချေးနိုင် အခင်းဖြစ်ပွားသည့်နေအိမ်တွင် သေဆုံးသူနှစ်ဦးအပါအဝင် မိသားစုဝင် ကိုးဦးနေထိုင်ကြသည်။ အခင်းဖြစ်ညက မိသားစုဝင်များ အိပ်ပျော်နေစဉ် ဆိုင်ကယ်အသံကြားသည့်အတွက် သေဆုံးသွားသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားက အိမ်အောက်သို့ ဆင်းကြည့်ခဲ့သည်။ ထိုသို့ဆင်းကြည့်စဉ် သေနတ်ပစ်သံ ရှစ်ချက်ခန့်ကြားလိုက်ရပြီး ထိုအမျိုးသားမှာ သေနတ်ထိမှန်သွားကာ ဇနီးဖြစ်သူကို ပြေးရန် အော်ပြောခဲ့သည်။ ဇနီးဖြစ်သူနှင့်အတူ ကလေးအငယ်ဆုံး တစ်ဦးနှင့် […]

ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၃၀ဝ ကျော် စာရင်းတင်သွင်း

August 18, 2020

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး စာရင်းတင်သွင်းထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများ စာရင်းတင်သွင်းရမည့် နောက်ဆုံးရက် သြဂုတ် ၇ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၃၀၆ ဦး စာရင်းတင်သွင်းခဲ့သော်လည်း သုံးဦးမှာ ပြန်လည်ရုပ်သိမ်း သွားခဲ့ခြင်းကြောင့် ၃၀၃ ဦး ကျန်ရှိခြင်း ဖြစ်သည်။ မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင် အဆိုပါအရေအတွက်မှာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆယ်ကျော် ပိုများလာခြင်း ဖြစ်သည်။ စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းတွင် နိုင်ငံရေးပါတီအသီးသီးတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦးတို့ ပါဝင်သည်။ “ကိုယ်စားလှယ်လောင်းအမည် စာရင်း […]

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်

August 18, 2020

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) ထံမှ သိရသည်။ မွန်အမျိုးသားပညာရေးဌာန အောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား အထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်အထက်တန်းကျောင်းဟူ၍ အထက်တန်းကျောင်း သုံးကျောင်း ရှိသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြာ အဆိုပါ အထက်တန်းကျောင်း သုံးကျောင်းတို့မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ကျောင်းသူ ကျောင်သား ၁၄၄ ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်ခဲ့သည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းကျော်သာ ဖြစ်သည်။ […]

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြား

August 18, 2020

မွန်ပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်း လာသော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ငှက်ဖျားပြန်အဖြစ်များလာကြောင်း၊ အထူးသဖြင့် ရေးမြို့နယ်အတွင်းရှိ ၎င်းတို့ ထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ပြန်လည်များပြားလာကြောင်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်ထိစာရင်းအရ တစ်ပြည်နယ်လုံးတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၉၆၄ ဦးရှိပြီး ရေးမြို့နယ်သည် ၃၂၁ ဦးဖြင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူ ရဲနောင်က ပြောသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် “အဲဒီဒေသ (မွန်ပြည်သစ်ပါတီ ဒေသ) မှာ ဒီနှစ် ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေ တယ်။ ပြည်ပအကူအညီနဲ့ပေါ့။ အဲဒီမှာ အပြင်ကလာတဲ့လူတွေ တအားများတယ်။ ကွင်းဆင်းစစ်ဆေးချက်အရ […]

ရုပ်သံသတင်း

ရွှေ့ပြောင်းလုပ်သား

စီးပွားရေးသတင်း

နိုင်ငံတကာသတင်း

တနင်္သာရီပုံရိပ်