အန္တရာယ်ကြားက လယ်သမားတွေ

တိုက်ပွဲများ၊ နယ်မြေမလုံခြုံမှုများ၊ အထွေထွေသွင်းအားစု စျေးမြင့်တက်နေမှုများကြောင့် တနင်္သာရီတိုင်းမှ လယ်သမားများမှာ လယ်ထဲဆင်းရန်ပင် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများမှ လယ်သမားများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိုင်းထိခြင်းများကြောင့် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။

ပဋိပက္ခနွံထဲက ပြည်သူတွေ

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် အထွေထွေအကျပ်အတည်းများမှာ သုံးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ ပြည်သူများမှာ ချွေးနည်းစာဖြင့် စုဆောင်းကာ ဆောက်လုပ်ထားသည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသလို၊ အသက်ဘေးကြောင့် လုပ်ငန်းများ၊ အိုးအိမ်များ စွန့်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း အများအပြားရှိနေသည်။

အကျပ်အတည်းကြားက စစ်ဘေးရှောင်များ

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် စစ်ဘေးရှောင်ရသူ အရေအတွက်မှာလည်း မြင့်တက်လျက်ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ခန့်ရှိနေသည်။

စစ်အာဏာရှင်လက်ထက် ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ‘မေဒေး’

၁၉ ရာစုဝန်းကျင်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ မည်သည့်အခွင့်အရေးမှ မရရှိဘဲ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော်လည်း လူ့ဂုဏ်သိက္ခာနှင့် လျော်ညီစွာ...

“ဟန့်တားဖို့မသင့်တဲ့ ပညာသင်ကြားခွင့်”

ကလေးသူငယ်နှင့် လူငယ်များအားလုံးတွင် ပညာသင်ယူရန်အခွင့်အရေးရှိပြီး မိဘများတွင်လည်း မိမိရင်သွေးအတွက် ပညာသင်ယူခြင်းနည်းလမ်းများကို ရွေးချယ်ခွင့်ရှိပါသည်ဟု Save the Children၊ UNESCO နှင့် UNICEF တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းအပြင် ကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း ဂုဏ်သိက္ခာရှိစွာသင်ကြားခွင့်၊ သင်ယူခွင့်ရရှိရန်...

သီတင်းကျွတ်မှာ မီးထွန်းစရာ ‘အိမ်’ မရှိတော့ဘူး

စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံ တစ်ဝန်းရှိဒေသများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို တနင်္သာရီတိုင်းတွင်လည်း နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း...

“အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်”

တနင်္သာရီ ပုံရိပ်များ မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိက လျှပ်စစ်မီတာကိုသာ အဓိကအားပြုနေရပြီး လျှပ်စစ်မီတာခဈေးနှုန်း မြင့်မားစွာ ပေး၍ဝယ်ယူသုံးစွဲနေကြရသည်။ ထားဝယ်တွင် မီတာခ တစ်ယူနစ် ၂၉၈ ကျပ်ဖြစ်နေချိန်တွင် မီးမရောက်သေးသည့် ကျေးလက်ဒေသများတွင် မီတာခမှာ တယူနစ်လျှင် ငွေကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိပေးနေရသည်။

ကလေးကာကွယ်ဆေး မထိုးရရင် ဘာဖြစ်နိုင်လဲ

အာဏာသိမ်းပြီးနောက် ကလေးများကိုပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်တန့်ကုန်သည်။ မွေးကင်းစအရွယ်မှ ကလေးအသက်တစ်နှစ်ခွဲအထိထိုးရမည့် ကာကွယ်ဆေး အမျိုးအစား အနည်းဆုံးရှစ်မျိုးခန့်ရှိသည်။ ယင်းကာကွယ်ဆေးများမှာ တစ်ကြိမ်တည်းထိုးရမည့်ဆေးရှိသလို အသက်အရွယ်အလိုက် သုံးကြိမ်ထိုးရမည့် ကာကွယ်ဆေးများလည်းပါဝင်သည်။

‘ပြည်သူ့အိမ်တွေ ဘာလို့မီးရှို့နေတာလဲ’

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP ။ Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ပြည်သူလူထု၏ နေအိမ်များကိုမီးရှို့မှုမှာ...

ဘယ်ရောက်‌ရောက် ကြောက်နေရတဲ့ မြန်မာတွေ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးကာ ကုန်ဈေးနှုန်းကြီးမြင့်လာသဖြင့် စားဝတ် နေရေး ကျပ်တည်းမှုတို့နှင့် ကြုံကြရသည်။ ထို့ကြောင့် တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်နှင့်အမျှ သွားရောက်နေကြသည်။