ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ...

လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ

မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။ ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း...

ဥတုဘေးနဲ့ တောင်ပိုင်းသားများ

မုတ်သုန်ဆုတ်သွားသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိသော်လည်း တနင်္သာရီတိုင်းတွင် မိုးရာသီအလား မိုးရွာသွန်းမှုများရှိနေသည်။ တနင်္သာရီတိုင်းမှာ ယခင်က မိုးများသည့်ဒေသတစ်ခု ဖြစ်သော်လည်း ဥတုဖောက်ပြန်မှုများကြောင့် လွန်ခဲ့သည့် ဆယ်နှစ်‌ကျော်တုန်းက အခြေအနေမျိုး မဟုတ်ဘဲ မိုးရွာသွန်းမှု ပုံစံများပြောင်းလဲလာနေသည်။

အန္တရာယ်ကြားက လယ်သမားတွေ

တိုက်ပွဲများ၊ နယ်မြေမလုံခြုံမှုများ၊ အထွေထွေသွင်းအားစု စျေးမြင့်တက်နေမှုများကြောင့် တနင်္သာရီတိုင်းမှ လယ်သမားများမှာ လယ်ထဲဆင်းရန်ပင် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများမှ လယ်သမားများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိုင်းထိခြင်းများကြောင့် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။

စစ်အုပ်ချုပ်ရေးဒေသက ကျီးလန့်စာစားပြည်သူတွေရဲ့ဘဝ

ပုလောနှင့် တနင်္သာရီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာ ၂လနီးနီးရှိလာပြီဖြစ်ပါတယ်။ ဒီမြို့နယ်တွေက တနင်္သာရီတိုင်းအတွင်းမှာ အရင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေပါ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာတော့အခြေအနေ ပိုဆိုးလာပါတယ်။ ဒီကာလမှာ...

ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၁)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။ လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

‘ငါးဖမ်းလုပ်ငန်းတွေ ရပ်သွားတော့မလား’

မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိသည့် တနင်္သာရီတိုင်းတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိနေသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငှားဖမ်းလှေ ၄၀၀၀ ‌ခန့်အထိရှိကြောင်း တွေ့ရသည်။ ခေတ်အဆက်ဆက်...

ဝမ်းရေးအတွက် အပူဒဏ်အံတုကြသူများ

ရာသီဥတုဖောက်ပြန်မှုနှင့်အတူ ယခုနှစ်နွေရာသီမှာ စံချိန်တင်ပူပြင်းလှသော်လည်း ဝမ်းရေးအတွက် အပူဒဏ်ကို မမှုနိုင်ကြဘဲ နွေနေပူကျဲကျဲထဲ အပူဒဏ်အံတုကြရသူ အများအပြားရှိနေသည်။ အထူးသဖြင့် အခြေခံလူတန်းစားများမှာ ရှာဖွေစုဆောင်းထားသည်များမရှိသဖြင့် နေပူသော်လည်း ဝမ်းစာအတွက် ရှာဖွေနေကြရခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ...

တံတားတွေပိတ်စစ်လို့ ဒုက္ခပိုကြီးလာတဲ့ ပြည်သူတွေ

စစ်ကောင်စီတပ်က လုံခြုံရေးကြောင့်ဆိုကာ တံတားများရုတ်တရက်ပိတ်ကာ နာရီပေါင်းများစွာ ကြာအောင် စစ်ဆေးမှုများကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့လာရသည်။ ယခုနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ တံတားများ မကြာခဏပိတ်ဆို့ စစ်ဆေးမှုများရှိလာနေသည်။

တာဝန်ယူမှု မရှိတော့တဲ့ လျှပ်စစ်ဌာနတွေ

မြန်မာနိုင်ငံတွင် လျှပ်စစ်တစ်ယူနစ်အတွက် အမြင့်ဆုံးစျေးပေးပြီး ဝယ်သုံးနေရသည့် တနင်္သာရီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ လျှပ်စစ်မီးပုံမှန်မရရှိတော့သလို လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၏ တာဝန်မဲ့မှုများကို ပြည်သူများ ကြုံတွေ့လာရသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကကုမ္ပဏီက ဖြန့်ဝေသည့်လျှပ်စစ်မီးကိုသာ အဓိက အားပြုနေရပြီး လျှပ်စစ်မီတာခစျေးနှုန်း မြင့်မားစွာပေး၍ ဝယ်ယူသုံးစွဲနေကြရသည်။