အာဏာရှင်အောက် ၃ နှစ်တာ (၁)

စစ်တပ်က အာဏာသိမ်းထားသည်မှာ ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ အာဏာသိမ်းကာလအတွင်း အခြေခံလူတန်းစားမှ စီးပွားရေးလုပ်ငန်းရှင်များအထိ လူထုလူတန်းစား အလွှာပေါင်းစုံမှာ ထိခိုက်မှုအမျိုးမျိုး ကြုံတွေ့နေရသည်။ အာဏာရှင်လက်အောက် ၃ နှစ်တာအတွင်း...

အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။ အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့်...

မိုးစပါးစိုက်သူ နည်းလာတော့

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည့် နယ်မြေမငြိမ်းချမ်းမှုများနှင့်အတူ သွင်းအားစုဈေးများ မြင့်မားမှုကြောင့် ယခုနှစ်စပါးစိုက်ရာသီတွင် လယ်လုပ်ရန် အခြေအနေမပေးသည့် ဒေသအများအပြား ရှိနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ယခုနှစ်မိုးစပါး စိုက်ပျိုးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်သူ၊ ဧကအနည်းငယ်သာ လုပ်သူများ ပိုမိုများပြားလာနေသည်။

စိုးရိမ်နေရသည့် ‘ပေါ်တာ’

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူတိုင်းကြောက်ကြသည့် စကားလုံးတစ်ခုရှိသည်။ ယင်းမှာ ‘ပေါ်တာ’ ဆိုသည့်စကားဖြစ်သည်။ စစ်တပ်က အုပ်စိုးသည့် အချိန်တိုင်းတွင် ကျေးလက်ဒေသမှသူများမှာ အဓမ္မခိုင်းစေရန်အတွက် ပေါ်တာဆွဲလေ့ရှိသည်။ ပေါ်တာဆွဲခံရသူများမှာ အန္တရာယ်များသည့် ရှေ့တန်းစစ်မျက်နှာများသို့...

စစ်အုပ်ချုပ်ရေးနှင့် တနင်္သာရီ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်သည်။ စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များတွင် တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။

ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၃)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။ လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

ငွေမပါရင် ရုံးပြင်ကနားသွားမှ သိမယ်

ဘာလုပ်လုပ် ငွေလမ်းခင်းမှ အလုပ်တွင်တဲ့ ခေတ်ကို ပြန်ရောက်လာပြီ။ စစ်ကောင်စီလက်အောက်မှာ ဧည့်စာရင်းတိုင်တာ၊‌ ကလေးမွေးစာရင်း လုပ်တာ၊ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်လုပ်တာ၊ လိုင်စင်တွေလုပ်တာ၊ လုပ်ငန်းတွေလုပ်တာစတဲ့ အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရတဲ့ လုပ်ငန်းအားလုံးဟာ လာဘ်ငွေပေးမှ လိုရာရောက်တဲ့ခေတ်၊...

တနင်္သာရီတိုင်းက ခရီးသွားလုပ်ငန်းတွေ ပြန်စတော့မလား

တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။ မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။ ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး...

သတ်သေမှုတွေ များလာတာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှု၊ စိတ်မလုံခြုံမှုနှင့် အနာဂတ်ပျောက်ဆုံးမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ပိုများလာနေသည်။ တနင်္သာရီတိုင်းထဲတွင်လည်း ယင်းသို့သတ်သေသည့် ဖြစ်စဉ်များ ပိုများလာနေသည်။ သတ်သေမှုများတွင် ကြိုးဆွဲချသတ်သေမှု၊ မြက်သတ်ဆေးသောက်သေဆုံးမှု၊ တံတားပေါ်က...

စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၂)

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။ ထိုနောက် မြို့နယ်အစုအဖွဲ့များကို...