စနစ်ဆိုး၊ ခေတ်ဆိုးမှာ ရှင်သန်ကြသူများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး ပြည်သူလူထုမှာလည်း အထွေထွေ အကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။ စီးပွားရေး လုပ်ငန်းအများစု ရပ်တန့်သွားကြသလို မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းသွားပြီး ဝင်ငွေနည်း ပြည်သူများမှာ အဆမတန်မြင့်တက်သွားသည့် ကုန်စည်စျေးနှုန်းကြောင့် စားရေးအခက်အခဲ များစွာကြုံတွေ့ နေကြရသည်။

ကလေးကာကွယ်ဆေး မထိုးရရင် ဘာဖြစ်နိုင်လဲ

အာဏာသိမ်းပြီးနောက် ကလေးများကိုပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်တန့်ကုန်သည်။ မွေးကင်းစအရွယ်မှ ကလေးအသက်တစ်နှစ်ခွဲအထိထိုးရမည့် ကာကွယ်ဆေး အမျိုးအစား အနည်းဆုံးရှစ်မျိုးခန့်ရှိသည်။ ယင်းကာကွယ်ဆေးများမှာ တစ်ကြိမ်တည်းထိုးရမည့်ဆေးရှိသလို အသက်အရွယ်အလိုက် သုံးကြိမ်ထိုးရမည့် ကာကွယ်ဆေးများလည်းပါဝင်သည်။

“အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်”

တနင်္သာရီ ပုံရိပ်များ မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိက လျှပ်စစ်မီတာကိုသာ အဓိကအားပြုနေရပြီး လျှပ်စစ်မီတာခဈေးနှုန်း မြင့်မားစွာ ပေး၍ဝယ်ယူသုံးစွဲနေကြရသည်။ ထားဝယ်တွင် မီတာခ တစ်ယူနစ် ၂၉၈ ကျပ်ဖြစ်နေချိန်တွင် မီးမရောက်သေးသည့် ကျေးလက်ဒေသများတွင် မီတာခမှာ တယူနစ်လျှင် ငွေကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိပေးနေရသည်။

အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်လာတော့

စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ကျန်းမာရေး ဝန်ထမ်းများ အများအပြားပါရှိသဖြင့် တနင်္သာရီတိုင်းရှိကျေးရွာများမှ ကျန်းမာရေးဆေးပေးခန်းအများစုမှာ ပိတ်ထားရသည့် အခြေအနေတွင် ရှိနေသည်။ ယင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးတစ်ခုခုဖြစ်ပါက မြို့ပေါ်ဆေးရုံများကို အားပြုကြရသဖြင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့များကိုအားကိုးကြရသည်။

“ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ကျေးလက်ကပြည်သူတွေ”

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများထဲတွင် CDM ဟု လူသိများသည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မြန်မာတစ်နိုင်ငံလုံးတွင် အားကောင်းခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း CDM လှုပ်ရှားမှုမှာ အလွန်အားကောင်းခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်မှ အများစုမှာ ယင်းလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည်။

ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ...

ရောင်းလေရှုံးလေ… ကဲ… ဘာဆက်လုပ်မလဲ

ယနေ့အရင်းသည့် နောက်နေ့အရှုံး၊ ရောင်းရလေရှုံးလေဟု ဈေးသည်များ နောက်ပြောင်ပြောဆို ရလောက်အောင်ပင် ကုန်ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ဈေးသည်များ ခံစားနေကြရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဈေးနှုန်းများ အဆက်မပြတ်မြင့်တက်မှုကြောင့် ယနေ့ရောင်းလိုက်သည့် ကုန်မှာ နောက်နေ့တွင် ဈေးထပ်တက်သွား၍ ရောင်းရငွေဖြင့် ယင်းကုန်စည်ကို...

သီတင်းကျွတ်မှာ မီးထွန်းစရာ ‘အိမ်’ မရှိတော့ဘူး

စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံ တစ်ဝန်းရှိဒေသများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို တနင်္သာရီတိုင်းတွင်လည်း နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း...

မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေ

အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြရတဲ့ အနေအထားမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။ ဒီကာလမှာ ရပ်ကွက်တွေထဲကို...

စံချိန်တင်တက်လာတဲ့ ကော့သောင်းက မီတာခ

ကော့သောင်းမြို့တွင် ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်ဆီသုံးအင်ဂျင်ဖြင့် လျှပ်စစ်မီးဖြန့်ဝေသည်။ ဖိုးသီးချိုသည် လျှပ်စစ်ဌာနတွင်တင်ဒါအောင်ပြီး ရပ်ကွက်အများစုကို ဖြန့်ဖြူးနေပြီး သီးသန့်ပုဂ္ဂလိကအစီအစဉ်ဖြင့်လည်း ရပ်ကွက်နှစ်ခုကို ဖြန့်ဖြူးလျက်ရှိသည်။ လျှပ်စစ်ဌာနတွင် တင်ဒါအောင်ပြီး ဖြန့်ဖြူးခြင်းကို ဒေသခံတို့က EPC မီးဟုခေါ်ဆိုကြပြီး ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းကို ဖိုးသီးချိုမီးဟု...