ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာလုပ်သား ၄ဝထံမှ ဘတ် ၁၁သိန်းကျော်လိမ်လည်ထွက်ပြေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာအလုပ်သမား ၄၀ဦးထံမှ ဘတ် ၁၁သိန်းကျော် လိမ်လည်ထွက်ပြေးသွားကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ စူကူဝစ်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအမျိုးသား ၃၂ဦး၊ အမျိုးသမီး...

ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့်...

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ကားမှတ်တိုင်တွင် ချော်လဲသေဆုံး

မလေးရှားနိုင်ငံ စလန်းကောပြည်နယ် စမုံညှင်းမြို့နယ်ရှိ ကားမှတ်တိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ချော်လဲပြီး ဦးခေါင်းထိခိုက်မိသဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ကွာလာလမ်ပူအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းထံမှ သိရသည်။ မှတ်ပုံတင်ပါ အချက်အလက်များအရ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ်...

ထိုင်းတောင်ပိုင်းတွင် MOU မြန်မာလုပ်သား ၃၀ ဦးကို မြန်မာပွဲစားကရောင်းစား

နှစ်နိုင်ငံသဘောတူစာချုပ်(MOU) စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၀ ဦးကို မြန်မာပွဲစားတစ်ဦးက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကာယကံရှင် အလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမားများကို Shwe...

ထိုင်းဆိပ်ကမ်းဆောက်လုပ်ရေးတွင် စတီးပြားပြုတ်ကျ၍ မြန်မာလုပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ရယောင်ခရိုင် ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စတီးပြားကို စက်ဖြင့်မတင်ရာမှ ကြိုးပြတ်ပြီး ပြုတ်ကျခဲ့သဖြင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  အခင်းဖြစ်ပွားမှုသည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင်...

၁၆ နှစ်အရွယ် ထိုင်းလူငယ်က ဖခင်ကားကို ခိုး၍ တရားမဝင်မြန်မာလုပ်သားများ ပို့ဆောင်စဉ် အဖမ်းခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယအဝေးပြေးလမ်းမပေါ်တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ဖခင်ကားကို ခိုး၍ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်စဉ် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိခြင်းခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ယမာန်နေ့ ဩဂုတ်လ ၂၃ ရက်...

မြန်မာစစ်အာဏာသိမ်းမှုကို ဆန္ဒပြဆန့်ကျင်ခဲ့သော ထိုင်းလူငယ်ခုနစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့တွင်ဆန္ဒပြခဲ့သော ထိုင်းတက္ကသိုလ် ကျောင်းသားများအပါအဝင် လူငယ် ခုနစ်ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေများစင်တာက ထုတ်ပြန်သည်။ ဘန်ကောက်တရားရုံးက ဩဂုတ်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ်နှင့် ငွေဒဏ်များ...

ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသည့်မြန်မာလေးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရ

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားလေးဦးအတွက် နစ်နာကြေးငွေ ဘတ်နှစ်သန်းကျော် ရရှိကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မိသားစုဝင်များထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ခုနစ်ဦးအနက် စာရွက်စာတမ်းများနှင့် အချက်အလက် ပြည့်စုံသော...

ဘန်ကောက်တွင် ဆိုင်ကယ်စီးလာသော မြန်မာနှစ်ဦး မြေအောက်လျှပ်စစ်ပိုက်လိုင်းထဲပြုတ်ကျ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်စီးလာသော မြန်မာနိုင်ငံသားနှစ်ဦးသည် လမ်းဘေးမြေအောက် လျှပ်စစ်သွယ်တန်းရေးပိုက်လိုင်းထဲ ပြုတ်ကျပြီး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချာတူးချတ်နယ်မြေ လတ်ဖလောင်းလမ်းမပေါ်၌ ဩဂုတ်လ ၁၉ရက် နံနက် ၁နာရီကျော်တွင် မြေအောက်လျှပ်စစ်ကေဘယ်လ် စစ်ဆေးပြုပြင်နေကြောင်း ရေးသားထားသည်။

ထိုင်း ကန်ချနဘူရီတွင် ကားတိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို ပစ်ကပ်ကားက အနောက်က ဝင်တိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပြင်းထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၆ ရက်နေ့...