မြန်မာလုပ်သားများထံမှ ငွေလိမ်သည်ဆိုကာ မြန်မာပွဲစားကို ထိုင်းတွင် အမှုဖွင့်

မြန်မာအလုပ်သမားငါးဦးထံမှ ဘတ်ငွေ ကိုးသောင်းကျော် လိမ်လည်သွားသည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးကို ထိုင်းနိုင်ငံ လယောင်မြို့ရဲစခန်းတွင် ယနေ့ ဩဂုတ်လ ၄ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင်...

မဲဆောက်တွင် အသီးအရွက်တင်ကုန်ကားပေါ် ပုန်းခိုလိုက်လာသော မြန်မာလုပ်သား ၅၀ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် ဟင်းသီးဟင်းရွက်တင် ကုန်ကားပေါ်တွင် တရားမဝင်ပုန်းခို လိုက်ပါလာသော မြန်မာအလုပ်သမား ၅၂ဦး ဩဂုတ်လ ၃ရက်ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်မြို့ မယ်ပဒေသရှိ စစ်ဆေးရေးဂိတ်တွင် သတင်းအရ ခြောက်ဘီးတပ်ကုန်တင်ကားကို...

ထိုင်းရောက်မြန်မာလုပ်သားများ PV အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ပါက ပြည်တွင်းပြန် သက်တမ်းတိုးရမည်

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလည်အပတ် PV အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်၍ သက်တမ်းတိုးရမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးဘက်က ယနေ့တွင် (ဩဂုတ်၃) ပြောကြားကြောင်း သံရုံးနှင့်နီးစပ်သူများ၊ အကျိုးဆောင် အေဂျင်စီများထံမှ သိရသည်။ အလုပ်သမားဗီဇာ...

ထိုင်းတွင် ကရင်အမျိုးသားတစ်ဦး ဘတ် ၆ သန်း ထီပေါက်

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကရင်အမျိုးသားတစ်ဦးသည် ထိုင်းထီ အမြင့်ဆုံးဆု ဘတ် ၆ သန်းပေါက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စန်ခရာဘူရီဒေသရှိ ဈေးထဲက ရေခဲဆိုင်တွင် လုပ်ကိုင်နေသော အဆိုပါအလုပ်သမားသည် ဇူလိုင်လ ၃၁ ရက်နေ့တွင်...

အချင်းများရန်ဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားက မြန်မာလုပ်သားကို သေနတ်ဖြင့်ပစ်ခတ်

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် အလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်းလုက်ကားဒေသတွင် လမ်းတစ်နေရာတွင် ဇူလိုင်လ ၃၁ ရက် ညပိုင်း၌ အချင်းများရန်ဖြစ်ကာ သေနတ်ဖြင့်...

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၀ဦး ရနောင်းတွင် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ဇူလိုင်လ ၃၁ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ရနောင်း-ကော့သောင်းနယ်စပ်မှတစ်ဆင့်...

ကော့သောင်းမှ ရနောင်းသို့ တရားမဝင် တင်ပို့သော ရော်ဘာပြား ကီလို ၂၀၀၀ ခန့် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင် တင်ပို့လာသော ရော်ဘာပြား ကီလိုဂရမ် ၂၀၀၀ ခန့်ကို ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းမိကြောင်း အမှတ် (၃) ထိုင်းရေတပ်က ထုတ်ပြန်သည်။ ဇူလိုင်လ ၃၀ ရက်နေ့...

ထိုင်းတွင် ကံပေါက်သူတစ်ဦး ပယောဂဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်ခံရမှုကြောင့် သေဆုံး

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်တွင် ပယောဂဝင်ပူးသည်ဟုဆိုကာ ရွှေရင်ကျော်ဆရာဆိုသူက ရိုက်နှက်ကုသမှုကြောင့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်စဖန်ဒေသတွင် ကံပေါက်ဒေသခံအမျိုးသမီးကို ရွှေရင်ကျော်ဆရာဆိုသူက သုံးရက်တိုင်တိုင် ရိုက်နှက်ကုသခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ...

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပထုံဌာနီမြို့ ဘန့်ကချဲဒေသရှိ ရေမြောင်းဘေးတွင် ရေမြောင်း ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုး လက်တွင်ထိကာ ဓာတ်လိုက်သေဆုံးနေကြောင်း...

ရွှေခိုးယူထွက်ပြေးလာသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လွှဲပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဆိုပါထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး...