ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးမည့်အချိန် ထပ်မံပြင်ဆင်ထုတ်ပြန်

0
612

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားအလှည့်ကျပေးမည့်အချိန်ကို ကုမ္ပဏီဘက်က ယနေ့ညနေ ၃ နာရီခန့်တွင် ထပ်မံပြင်ဆင်ထုတ်ပြန်လာသည်။

ဧပြီလ ၂၈ ရက်ကထုတ်ပြန်ထားသည့် အလှည့်ကျဓာတ်အားပေးအချိန်ဇယားတွင် A အုပ်စု၊ B အုပ်စုဟု အုပ်စုနှစ်ခွဲပြီး ဖြန့်ဝေပေးမည်ဟုဆိုထားသည်။

ယခုအသစ်ပြင်ဆင်ထုတ်ပြန်လိုက်သည့် ဓာတ်အားအလှည့်ကျဇယားတွင်မူ A၊ B၊ C ဟု အုပ်စု သုံးအုပ်စုကို အလှည့်ကျပေးမည်ဟု ပြင်ဆင်ထားသည်။

ပထမထုတ်ပြန်သော အချိန်ဇယားတွင် ကြေညာထားသည့် အချိန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်းမရှိခဲ့ပေ။

ဧပြီလ ၂၉ ရက် ညနေ ၃ နာရီမှစပြီး လျှပ်စစ်ဓာတ်အား စတင်ပြတ်တောက်သွားရာမှစပြီး ၂၄ နာရီကျော်သည်အထိ လျှပ်စစ်ဓာတ်အား လုံးဝမရသေးသည့် ဒေသများရှိနေသည်။

Petro & Trens ကုမ္ပဏီမှထုတ်ပြန်လိုက်သော ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဇယား