ထိုင်းတွင် MOU လုပ်သားများ ၂ လ နီးပါး အလုပ်ပုံမှန်မရသဖြင့် အခက်အခဲဖြစ်နေ

ထိုင်းနိုင်ငံတွင် MOU မြန်မာအလုပ်သမား ၁၃ ဦး ၂ လနီးပါးကြာသည်အထိ အလုပ်ပုံမှန်မလုပ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ယင်းမြန်မာအလုပ်သမားများမှာ မြန်မာအေဂျင်စီပြည့်ပိုင်မှူးမှတစ်ဆင့် စူဖန်ဘူရီနှင့် စမွတ်ပရကန်ရှိ ကုမ္ပဏီများတွင်...

မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က...

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ကို ကန်ချနဘူရီခရိုင်တွင် ယနေ့ (မေ ၂၅) ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်၊ Mueang မြို့၊ Wang Dong ဒေသရှိ...
Dawei Watch, Dawei News, Dawei News Media

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦး အဖမ်းခံရ

တရားဝင်အထောက်အထားမရှိဘဲ ခိုးဝင်ခဲ့သည်ဟုဆိုကာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၇ ဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီအချိန်တွင် ထိုင်းနိုင်ငံ ရနောင်းခရိုင်ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ပူးပေါင်းဖမ်းဆီးလိုက်ကြောင်း ရနောင်းခရိုင်အခြေစိုက် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ကလေးငယ်တစ်ဦးအပါအဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၇ ဦးသည် ရနောင်းခရိုင်၊ လအွန်မြို့နယ်၊ ကီလို ၃၀...

မဟာချိုင်‌တွင် ပွဲစားတစ်ဦးက မြန်မာလုပ်သားများထံမှ ဘတ် ၁ သန်းကျော် လိမ်လည် 

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ နာမည်ကြီး အကျိုးဆောင်အေဂျင်စီတစ်ခု၏ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမားများထံမှ ဘတ် ၁ သန်းကျော်ကို လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ မဟာချိုင် ဝေလ ၁၀ လမ်းရှိ import...

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အမှုဖွင့်တိုင်ကြား

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးခွင်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ မတ်လ ၅ ရက်နေ့က တိုင်ကြားလိုက်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ နောင်ယိုင်းမြို့ရှိ...

ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင်...

မလေးရှားသို့ တရားမဝင်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၂၁ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် လူဝင်မှူကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ရဲချုပ် Prapansak Prasansuk ကပြောကြားခဲ့ကြောင်း Bangkok Post က ယနေ့ဖော်ပြသည်။ ဧပြီလ ၁၂ ရက်က...

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်

တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်‌ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။ တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက်...

မြန်မာလုပ်သားများထံမှ ငွေလိမ်သည်ဆိုကာ မြန်မာပွဲစားကို ထိုင်းတွင် အမှုဖွင့်

မြန်မာအလုပ်သမားငါးဦးထံမှ ဘတ်ငွေ ကိုးသောင်းကျော် လိမ်လည်သွားသည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးကို ထိုင်းနိုင်ငံ လယောင်မြို့ရဲစခန်းတွင် ယနေ့ ဩဂုတ်လ ၄ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင်...