စီးပွားဖြစ် ပျဉ်းကတိုးစိုက်ခင်း ဧကတစ်ထောင်ကျော် စိုက်မည်

၂၀၂၀ ခုနှစ် မိုးရာသီတွင် မြို့နယ်ခြောက်ခု၌ စီးပွားဖြစ်ပျဉ်းကတိုးစိုက်ခင်းဧက တစ်ထောင်ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ သစ်တောများပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအား...

တနင်္သာရီတိုင်းအစိုးရက ကုမ္ပဏီ ၅ ခု အမည်ပျက်စာရင်းသွင်း

ယခုနှစ်အတွင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရက ချထားပေးသည့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီ ၅ ခုကို တိုင်းအစိုးရက အမည်ပျက် (Black List) စာရင်း သွင်းလိုက်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ကျောင်းသားအားကစားပွဲ တနင်္သာရီ တိုင်းက ရွှေအများဆုံးဖြင့် ထိပ်ပြေး

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆယ့်လေးခုဖြင့် ပထမဆု သိမ်းပိုက်ထားကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောကြားသည်။ တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ကစားသမား ၂၈ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ...

ထီးခီးစက်မှုဇုန် ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် လက်မှတ်ထိုးမည်

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီးစက်မှုဇုန်ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရန် နားလည်မှု စာချွန်လွှာ (MoU) ထိုးရန် ပြင်ဆင်နေကြောင်း Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာ ဦးရဲမြင့်က ဆိုသည်။ စက်မှုဇုန်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်...

VMS တပ် ငါးဖမ်းလှေ မြိတ်မှ စောင့်ကြည့်မည်

စောင့်ကြည့်ထိန်းချုပ် လေ့လာ ရေးစနစ်(VMS) တပ်ဆင်ထားသည့် ငါးဖမ်းငါးသယ်လှေများကို ၂၀၂၀ ခုနှစ် မှစတင်ကာ မြိတ်မြို့ရှိ ထိန်းချုပ်ရေး စင်တာမှ တိုက်ရိုက်စောင့်ကြည့်တော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသေကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းငါး သယ်လှေ...

“ပေးမှလုပ်တယ်”ဆိုသည့်စကား ကြားနေရသေးဟု မြိတ် ၈၈ အဖွဲ့ ပြောဆို

အစိုးရဌာနဆိုင်ရာများအနေဖြင့် ပေးမှ အလုပ်လုပ်သည်ဆိုသည့်စကား ငယ်ငယ်ကတည်းက ယခုအထိကြားနေ ရသေးဟု မြိတ်ခရိုင်၈၈အဖွဲ့မှ ပြောဆိုဝေဖန်လိုက်သည်။ မြိတ်ကမ်းနားလမ်း ပုလဲရတနာခန်းမ တွင် ပြုလုပ်သည့် ၁၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် မြိတ်၈၈အဖွဲ့မှ လူထုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က...

အိမ်ထောင်ရှင် အမျိုးသမီး ခိုးရာလိုက်ပြေး၊ အမိမခံဘဲ နှစ်ဦးစလုံး အဆိပ်သောက်

တနင်္သာရီမြို့နယ်ရှိ ရော်ဘာခြံ တစ်ခြံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ချစ်သူနှင့်ခိုးရာလိုက်ပြေးရာမှ ခင်ပွန်းသည် လိုက်ရှာသဖြင့် ချစ်သူနှစ်ဦးက အဆိပ် သောက်ကာ ဓားဖြင့်ထိုးပြီး သေကြောင်းကြံခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နှစ်သစ်တွင် ကုမ္ပဏီသစ်ဖြင့် ထားဝယ်ခရိုင်လျှပ်စစ် ပေးမည်

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဇန်နဝါရီလ ၁ ရက်တွင် တာဝန်ယူ ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။ Petro & Trans nကုမ္ပဏီက...

Mobile Legends ထားဝယ်တွင် ပြိုင်မည်

လူငယ်များအကြား စိတ်ဝင်တစား ဆော့ကစားနေကြသည့် E-Sport အမျိုးအစားMobile Legends ပြိုင်ပွဲ ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်ဖွံဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ(DDPC)မှ ယင်းပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးဝေယံထက်က...

Miss Ethnic Myanmar 2020 ပြိုင်ပွဲအတွက် ထားဝယ်တိုင်းရင်းသူ အလှမယ် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် တိုင်းရင်းသူအလှမယ် ရွေးချယ်ပွဲ (Miss Ethnic Myanmar 2020) ပြိုင်ပွဲအတွက် လျှောက်လွှာများ ကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်ခေါ်ယူ နေပြီဖြစ်ကြောင်း ပြိုင်ပွဲ ထားဝယ်တာဝန်ခံ ထံမှ သိရသည်။