Mobile Legends ထားဝယ်တွင် ပြိုင်မည်

0
1251

လူငယ်များအကြား စိတ်ဝင်တစား ဆော့ကစားနေကြသည့် E-Sport အမျိုးအစားMobile Legends ပြိုင်ပွဲ ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်ဖွံဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ(DDPC)မှ ယင်းပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးဝေယံထက်က ပြောသည်။

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ကစား လိုသူများသည် ဒီဇင်ဘာလကုန်အထိ လျှောက်ထား နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ပြိုင်ခွင့်ရသူများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ လ ၁ ရက်တွင် ကြေညာပေးမည်ဖြစ် ကြောင်း ကိုဝေယံထက်က ပြောသည်။

ပြိုင်ပွဲအတွက် အသင်း ၁၆ အသင်း ရွေးချယ်မည်ဖြစ်သည်။ ဝင်ပြိုင်ခွင့်ရသည့် အဖွဲ့တစ်ဖွဲ့သည် ဝင်ကြေးတစ်သောင်း ကျပ် ပေးသွင်းရမည် ဖြစ်ပြီး Winner သုံးသိန်း၊ First Runner နှစ်သိန်း၊ Second Runner တစ်သိန်းနှင့် MVP Player ကို သုံးသောင်းကျပ် ဆုချီးမြှင့်မည်ဟု ၎င်းက ပြောသည်။

ယင်းပြိုင်ဝင်ရောက်ယှဉ်ပြိုင်လိုသူ များသည် ပြိုင်ပွဲဖြစ်မြောက်ရေး ပံ့ပိုး ကူညီထားသည့် ထားဝယ်မြို့ရှိ ဖုန်းဆိုင် ခုနှစ်ဆိုင်တွင်ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ များထုတ်ယူနိုင်ပြီး လက်ရှိတွင် ဝင်ပြိုင် ရန် စာရင်းပေးထားသည့်အဖွဲ့ ငါးဖွဲ့ခန့် ရှိနေပြီဖြစ်ကြောင်း KoKo မိုဘိုင်းဖုန်း ဆိုင်ထံမှ သိရသည်။

ကွန်ပျူတာက္ကသိုလ် (ထားဝယ်) တွင်လည်း လွတ်လပ်ရေးနေ့အထိမ်း အမှတ် အားကစားပြိုင်ပွဲတွင် Mobile Legends ပြိုင်ပွဲကို ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကြေညာထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Sea Games) တွင် Mobile Legends၊PUBG၊ Dota 2 စသည့်တို့ကို E-Sport ပြိုင်ပွဲအဖြစ် ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ E-Sport ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် Mobile Legends ဂိမ်းကစားသူ ကိုးသောင်းကျော်ရှိနေပြီ ဖြစ်ကြောင်း မြန်မာတိုင်း(မ်) သတင်း တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လက ရေးသားထားသည်။

Dawei Watch