Miss Ethnic Myanmar 2020 ပြိုင်ပွဲအတွက် ထားဝယ်တိုင်းရင်းသူ အလှမယ် လျှောက်လွှာခေါ်ယူ

0
568

မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် တိုင်းရင်းသူအလှမယ် ရွေးချယ်ပွဲ (Miss Ethnic Myanmar 2020) ပြိုင်ပွဲအတွက် လျှောက်လွှာများ ကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်ခေါ်ယူ နေပြီဖြစ်ကြောင်း ပြိုင်ပွဲ ထားဝယ်တာဝန်ခံ ထံမှ သိရသည်။

အဆိုပါပွဲတော်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသည့် တိုင်းရင်းသူများသည် ဒီဇင်ဘာ ၃၁ ရက် အထိ နောက်ဆုံးလျှောက်ထားရမည်ဖြစ် ကြောင်း လျှောက်လွှာတွင် ပါရှိသည်။

ထားဝယ်တွင် ၂၅ ရက်နောက်ဆုံး ထား လျှောက်လွှာတင်ရမည်ဖြစ်ပြီး ၂၆ ရက်တွင် လျှောက်လွှာပါ အချက်များနှင့် ကိုက်ညီသူ၊ Miss ပွဲ အတွေ့အကြုံမရှိသူ၊ အလားအလာ ကောင်းရှိသူစသည့် အချက်များကို စိစစ်ကာ ထားဝယ် တိုင်းရင်းသူတစ်ဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ထားဝယ်တာဝန်ခံ ကိုရယ်ရယ် က ပြောသည်။

“ထားဝယ်ဖက်ရှင်နဲ့ ပေးထားတယ် ဆိုတော့ အဓိကဦးစားပေးခေါ်မယ်ပေါ့ နော်၊ ထားဝယ်တိုင်းရင်းသူ စစ်စစ်ဖြစ်ရ မယ်ပေါ့နော်”ဟု ကိုရယ်ရယ်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်း သူအလှမယ်သည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ အိမ်ထောင်မရှိသူ၊ အပျိုဖြစ်ရမည်ဖြစ်ပြီး ပညာအရည်အချင်း အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင် ပြီးသူ၊ အရပ်အမြင့် အနိမ့်ဆုံး ၅ ပေ ၄ လက်မ စသည့် လျှောက်လွှာပါစည်းကမ်း ချက်များနှင့် ကိုက်ညီသူ ဖြစ်ရမည်။

တနင်္သာရီတိုင်းကိုယ်စားပြု ကရင် တိုင်းရင်းသူတစ်ဦးကိုမူ ပြီးခဲ့သည့် တစ်လခန့်က ပွဲတော်ကျင်းပမည့်ဗဟိုမှ ရွေးချယ်ထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ကရင်တိုင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ စောမာတင်လူသာက ပြောသည်။

Miss Ethnic Myanmar 2020 အလှမယ်ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သိန်းတစ်ရာ၊ ဒုတိယဆု ငွေကျပ်သိန်း ငါးဆယ်၊ တတိယဆု ငွေကျပ် သိန်းနှစ် ဆယ်နှင့် အခြားဆုများ ပါဝင်သည်။

မိုးမြင့်