ထိုင်းတွင် အပူဒဏ်ကြောင့် နှစ်လအတွင်း လူ ၃၀ အထိသေဆုံး

0
238

ထိုင်းနိုင်ငံမှာ အပူချိန်ပြင်းထန်လွန်းလို့ နှစ်လအတွင်း သေဆုံးသူ ၃၀ အထိ ရှိလာပါတယ်လို့ CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းလို့ အပူရှပ်ပြီး သေဆုံးမှု များလာကြတာလို့ ဆိုပါတယ်။

မတ်လနဲ့ ဧပြီလထဲတွင် အပူဒဏ်ကြောင့် သေဆုံးသူတွေ ပိုများလာတယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်မှာ မတ်လကနေ ဇွန်လအထိ လေးလတာ နွေရာသီထဲမှာ သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့တာပါ။

ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ပထမနှစ်လထဲမှာတင် သေဆုံးသူ ၃၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်ကြီးပိုင်း၊ ကလေးငယ်တွေ၊ နေပူထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရသူတွေ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဝလွန်ရောဂါ အခံရှိသူတွေလို့ ဆိုပါတယ်။

ထိုင်းအစိုးရကတော့ နေပူထဲ အလုပ်ကြာကြာလုပ်တာ၊ သွားလာတာမျိုး ရှောင်ခိုင်းထားပါတယ်။

အရိပ်ရတဲ့နေရာတွေမှာ နေပြီး ရေများများသောက်ဖို့ အကြံပြုထားပါတယ်။

တကယ်လို့ မူးဝေလာတာမျိုးရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသဖို့ တိုက်တွန်းထားပါတယ်။

လာမယ့်ရက်တွေလည်း ထိုင်းတစ်နိုင်ငံလုံးအပူချိန်မြင့်နေဦးမယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။

ထိုင်းတစ်နိုင်ငံလုံးအနေနဲ့ ဒီရက်ပိုင်းထဲမှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်အထက်မှာပဲရှိနေဦးမယ်လို့ ကြေညာထားပါတယ်။

မြို့တော် ဘန်ကောက်မှာ အပူချိန် ၅၂ ဒီဂရီ ဆဲလ်စီးရပ်အထိ မြင့်တက်နိုင်လို့ အပူဒဏ်ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။