စီးပွားဖြစ် ပျဉ်းကတိုးစိုက်ခင်း ဧကတစ်ထောင်ကျော် စိုက်မည်

0
753

၂၀၂၀ ခုနှစ် မိုးရာသီတွင် မြို့နယ်ခြောက်ခု၌ စီးပွားဖြစ်ပျဉ်းကတိုးစိုက်ခင်းဧက တစ်ထောင်ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

သစ်တောများပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအား ဖြည့်ဆည်းနိုင်ရေး အထောက် အကူပြုရန်အတွက် စီမံချက်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးဖေချစ်က ပြောသည်။

“စီးပွားရေးစိုက်ခင်းဆိုတာကတော့ တစ်ချိန်ကျရင် ဒီသစ်ပင်ကို ပြန်ခုတ်သုံးမှာ၊ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ လုံးပတ် ရောက်လို့ရှိရင်တော့ ထုတ်မယ်”ဟု ဦးဖေချစ်က ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ပျဉ်းကတိုးစိုက်ခင်း ၃၇၀၀ ဧကစိုက်ပျိုးခဲ့ကြောင်း အထက်ပါ ဌာနမှသိရသည်။

Dawei Watch