သရက်ချောင်း သူရဲတောင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

သရက်ချောင်းမြို့နယ် သူရဲတောင်ရွာတွင် နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က သူရဲတောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်ဝင်းမှာ စစ်တပ်သတင်းပေးသူအဖြစ် လူပြောများနေသူဖြစ်ကြောင်းဒေသခံအချို့က ဆိုသည်။

အခြေခံပညာ နှစ်ဆုံးစာမေးပွဲ မတ်လအတွင်း ပြုလုပ်မည်ဟုဆို

အခြေပညာနှစ်ဆုံး စာမေးပွဲကို မတ်လ ပထမအပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်...

မြိတ် ဆိုင်ကယ်တက္ကစီအသင်းဝင်သူ လေးဆယ်ကျော်ရှိ

မြိတ်မြို့တွင် တစ်ပတ်ခန့်အတွင်း ဆိုင်ကယ်တက္ကစီအသင်းဝင်ရန် လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း မြိတ်မြို့နယ် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီယာဉ်များ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှ သိရသည်။ မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရန် နိုဝင်ဘာ ၁၅ ရက်က စတင်ကန့်သတ်ခဲ့သည့်အတွက် ဆိုင်ကယ်တက္ကစီ...

ကံပေါက်ဒေသခံအချို့ ပြန်လွတ်

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကံပေါက်ဒေသခံအချို့ နိုဝင်ဘာလ ၂၅ ရက် ည၁၂ နာရီဝန်းကျင် တွင် ပြန်လည်လွတ်မြောက်လာ‌ကြောင်း ၎င်းတို့၏မိသားစုဝင်များထံမှ သိရသည်။ ပြန်လွတ်လာသူများမှာ ဦးတင်ညွန့်၊ ဦးဝင်းရှိန်၊ ဦးကင်းမြင့်၊ ဦးကိုလေး၊ ဦးငယ်ငယ်တို့ဖြစ်သည်။

သထုံတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့ပေါ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း အချိန်ခန့်က ဗုံးပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်တွင် သထုံမြို့ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင်...

နဘုလယ်ဒေသတွင် ကျောင်းဆရာတစ်ဦး အပါအဝင် လေးဦး အဖမ်းခံရ

ထားဝယ်ခရိုင် နဘုလယ်ဒေသ ထိန်ကြီးရွာတွင် နိုဝင်ဘာ ၂၄ ရက်နေ့ည ၁၁ နာရီခန့်က ကျောင်းဆရာတစ်ဦး၊ NLD ပါတီဝင်တစ်ဦးအပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။ အဆိုပါဖမ်းဆီးခံရသူများမှာ ထိန်ကြီး...

ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ

မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုဟိန်းထက်၏နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ သူ၏ မိသားစု...

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။

ရာသီဥတုကြောင့်မွန်ဆားအထွက်နောက်ကျနိုင်

မွန်ပြည်နယ်တွင်ဆားထုတ်လုပ်ရန်ပင်လယ်ရေစလှန်းသည့်နိုဝင်ဘာလအတွင်းမိုးရွာသွန်းချမှုကြောင့်ဆားထုတ်လုပ်မှုနောက်ကျနိုင်သည်ဟုပြည်နယ်အတွင်းရှိဆားလုပ်ငန်းရှင်တို့ထံမှသိရသည်။ ဆားလုပ်ငန်းကိုပုံမှန်အားဖြင့်မိုးအကုန်စက်တင်ဘာလလယ်ခန့်မှစတင်ပြင်ဆင်ကြကာနိုဝင်ဘာလဆန်းတွင်ပင်လယ်ရေတင်ပြီးစတင်နေလှန်းသည်။ ရာသီဥတုအခြေအနေ ကောင်းမွန်ပါကဒီဇင်ဘာလဒုတိယအပတ်ခန့်တွင်ဆားစတင်ထုတ်လုပ်ကြသည်ဟုဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ယခုနှစ်တွင်ပင်လယ်ရေစလှန်းသည့်အချိန်မိုးရွာချသည့်အတွက်ဆားကွင်းများပျက်စီးပြီးပုံမှန်ဒီဇင်ဘာလတတိယအပတ်ခန့်တွင်ထွက်သည့်ဆားသည်ဇန်နဝါရီလဆန်းပိုင်းခန့်မှသာထုတ်လုပ်နိုင်တော့မည်ဟုလည်းဆားလုပ်ငန်းရှင်တို့ကပြောသည်။ “ပင်လယ်ရေသွင်းထားတာမိုးရွာချလိုက်တော့အဲဒီရေတွေကမရတော့ဘူး၊ဖောက်ထုတ်ပြီးတော့အသစ်ပြန်သွင်းရတယ်။ ၁၅ရက်လောက်နောက်ဆုတ်သွားမယ်၊ဆားထုတ်ဖို့ဆားထွက်ဖို့နောက်ကျသွားမယ်”ဟုပငဆားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုနှစ်ဆားထုတ်လုပ်ရာသီတွင်ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်ဆားထုတ်လုပ်မှုစရိတ်ယမန်နှစ်များကထက်ပိုမိုကုန်ကျထားရသည့်အပြင်ဖျက်မိုးကြောင့်လုပ်ငန်းနှစ်ခါပြန်လည်လုပ်ကိုင်ရသည့်အတွက်ဆားလုပ်ငန်းရှင်များအခက်အခဲကြုံတွေ့လျက်ရှိသည်။

ကင်းမွန်လုပ်ငန်း ရှေရည် ရပ်တည်ရန် ခက်ခဲဟုဆို

ဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းတို့ကြောင့် မြိတ်ဒေသတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်း ရှေရည်တွင် ရပ်တည်မှု ခက်ခဲလာနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလ (နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ) သုံးခု ဈေးနှုန်းများ ဆက်တိုက်...