မြိတ်တွင် နိုဝင်ဘာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျ

မြိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဆယ့်တစ်ဦး ရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း သေဆုံးသူ နှစ်ဦးသို့ ကျဆင်းသွားကြောင်း နာရေးကူညီမှုအသင်းနှင့် တနင်္သာရီတိုင်း၊ကျန်းမာရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရသိရသည်။ ကိုဗစ်ရေဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသသူများအနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင်တစ်ဉီးနှင့်...

သထုံ NLD လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်

မွန်ပြည်နယ် သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့်...

အလူမီနီယံကုန်ကြမ်းဈေး နှစ်ဆခန့်ခုန်တက်၊ အလုပ်အပ်သူနည်း

ပြတင်းပေါက်၊ ဗီရိုကဲ့သို့ အိမ်သုံးပရိဘောဂပစ္စည်းများလုပ်သည့် အလူမီနီယံချောင်းများ၏ဈေးနှုန်းမှာ ပြီးခဲ့သည့်လမှစကာ နှစ်ဆခန့်တက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဖြင့်အိမ်သုံးပစ္စည်းလုပ်နေသူအချို့ထံမှ သိရသည်။ ဥပမာအားဖြင့် ဗီရိုနှင့် ပစ္စည်းတင်စင် ပြုလုပ်ရာတွင် အသုံးပြုရသည့် ၃လက်မ ၁ လက်မ အရွယ် အလူမီနီယံတစ်ချောင်း၏ဈေးမှာ...

7 Day သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်တွင် လူငယ်သုံးဦး ထပ်ဖမ်းခံရ

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး၊ 7 Day ဂျာနယ် သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်မြို့တွင် လူငယ်သုံးဦး ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထပ်မံအဖမ်းခံလိုက်ရကြောင်း သိရသည်။ အဖမ်းခံလိုက်ရသူများမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုထူးမြတ်လွင်၊...

မြန်မာရွှေ့‌‌ပြောင်း အလုပ်သမား ၁၄၀ ကျော် ကော့သောင်း ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ဦး‌ကျော်တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၄၄ ဦး၊...

ပြည်သူ့စစ်နှင့် ပုလော PDF ပစ်ခတ်မှုဖြစ်

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ပျူစောထီးဟု ခေါ်သည့် ပဝတ်ကုန်းပြည်သူ့စစ်အဖွဲ့ဝင် စစ်မှုထမ်းဟောင်း...

မြိတ် ပသောင်းတံတား ယဉ်တိုက်မှု ရှစ်ဦး ဒဏ်ရာရ

မြိတ်မြို့နယ်ရှိ ပသောင်းတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများနင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီဖက်မှ...

ထားဝယ်တွင် နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦး အဖမ်းခံရ

ထားဝယ်မြို့နေ စိုက်ပျိုးရေးဌာန နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီမှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဖမ်းခံရသူများ၏ မိတ်ဆွေများ ထံမှ သိရသည်။ ထိုလူငယ် ၅ ဦးသည် ထားဝယ်မြို့၊...

မြိတ်လျှပ်စစ်မီတာခ ၅၀၀ ကျပ်နီးပါးရောက်

မြိတ်မြို့တွင်လျှပ်စစ်မီတာသုံးစွဲခ ယခုလအတွင်း တစ်ယူနစ်လျှင်၅၀၀ကျပ်နီးပါးအထိပေးဆောင်နေရပြီဖြစ်ကြောင်းလျှပ်စစ်မီးသုံးစွဲသူတို့ထံမှသိရသည်။ မီတာခဈေးနှုန်းများအနေဖြင့်ယခုနှစ်အစဇန်နဝါရီလကတစ်ယူနစ်လျှင် ၂၃၅ကျပ်မှဖေဖေါ်ဝါရီလတွင်၂၅၈ကျပ်၊ မတ်လတွင်၂၈၀ကျပ်၊ဧပြီလ၂၉၅ကျပ်နှင့်မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ကျပ်၊ ဩဂုတ်လတွင် ၃၉၈ကျပ်နှင့် စက်တင်ဘာလတွင် ၄၂၀ကျပ်အထိပေးဆောင်ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလအတွက်တစ်ယူနစ်လျှင်၄၇၀ကျပ်သို့ တိုးမြင့်ကောက်ခံနေခြင်း ဖြစ်သည်။

ကိုဗစ်ကပ်ဘေး ပြန်တပ်လှန့်နေချိန် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်

ဗိုင်းရပ် မျိုးဗီဇပြောင်းပြီး ကိုဗစ်စတုတ္ထလှိုင်း ပြန်စနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေချိန်တွင် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြို့အဝင်ဂိတ်များကို ဖြတ်သန်းရာတွင် ဆိုင်ကယ်၊ မော်တော်ယာဉ်ဖြင့်လာသူများအား ခြေလျင်ဖြတ်ခိုင်းပြီး နှာခေါင်းစည်းချွတ်ရန် ပြောဆိုနေကြောင်း ဂိတ်ဖြတ်သန်းပြီး...