မြိတ် ပသောင်းတံတား ယဉ်တိုက်မှု ရှစ်ဦး ဒဏ်ရာရ

0
323

မြိတ်မြို့နယ်ရှိ ပသောင်းတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများနင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီဖက်မှ မောင်းနှင်လာသည့် အိမ်စီးကားသည် ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်ရှေ့အရောက်တွင် မြိတ်ဖက်မှလာသည့် သုံးဘီးယာဉ်ငယ်တစ်စီးအားဝင်တိုက်ခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့်ဆိုင်ကယ်များနှင့် လူများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသားများကပြောသည်။

“ဒရောသောပါးဖြစ်ပြီး စင်ထွက်လာတော့ ယာဉ်စစ်ဆေးနေတဲ့ရဲရော စစ်ဆေးခံနေတဲ့သူတွေပါ အားလုံးထိကုန်တာပေါ့”ဟု မဇောကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဒဏ်ရာရသူများအား မြိတ်မြို့၊ စစ်ဆေးရုံသို့ တင်ဆောင်သွားပြီး ယာဉ်မောင်းနှင့်ယာဉ်ကိုမူ စစ်ဆေးနေကြောင်း အထက်ပါတာဝန်ရှိသူ ကဆိုသည်။