မြိတ်လျှပ်စစ်မီတာခ ၅၀၀ ကျပ်နီးပါးရောက်

0
304

မြိတ်မြို့တွင်လျှပ်စစ်မီတာသုံးစွဲခ ယခုလအတွင်း တစ်ယူနစ်လျှင်၅၀၀ကျပ်နီးပါးအထိပေးဆောင်နေရပြီဖြစ်ကြောင်းလျှပ်စစ်မီးသုံးစွဲသူတို့ထံမှသိရသည်။

မီတာခဈေးနှုန်းများအနေဖြင့်ယခုနှစ်အစဇန်နဝါရီလကတစ်ယူနစ်လျှင် ၂၃၅ကျပ်မှဖေဖေါ်ဝါရီလတွင်၂၅၈ကျပ်၊ မတ်လတွင်၂၈၀ကျပ်၊ဧပြီလ၂၉၅ကျပ်နှင့်မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ကျပ်၊ ဩဂုတ်လတွင် ၃၉၈ကျပ်နှင့် စက်တင်ဘာလတွင် ၄၂၀ကျပ်အထိပေးဆောင်ခဲ့ရကြောင်းသိရသည်။

အောက်တိုဘာလအတွက်တစ်ယူနစ်လျှင်၄၇၀ကျပ်သို့ တိုးမြင့်ကောက်ခံနေခြင်း ဖြစ်သည်။

“ဒီဇယ်ဈေးကလည်းတက်နေတယ်။ တောက်လျှောက်ပဲ” ဟု Petro & Trans Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင်ဒီဇယ်လောင်စာဆီတစ်လီတာလျင်၁၃၀၀ကျပ်နှုန်းဖြင့်ဝယ်ယူနေရသဖြင့်မီတာခဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူက ပြောပြသည်။

မီတာခဈေးနှုန်းမြှင့်တက်လာနေသဖြင့်တွင်ခုံလုပ်ငန်း၊မော်‌တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းစသဖြင့်အသေးစားလုပ်တစ်ချို့ရေရှည်ရပ်တည်နိုင်ရန်အတားအဆီးတစ်ခုဖြစ်နေရကြောင်းယင်းလုပ်ငန်းလုပ်ကိုင်သူအချို့ကဆိုသည်။

မြိတ်မြို့နယ်အတွက်တစ်ယူနစ်၂၉၂ကျပ်နှုန်းဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co.,Ltd ကပြီးခဲ့သည့်အစိုးရလက်ထက်ကတင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။