ကံပေါက်ဒေသခံအချို့ ပြန်လွတ်

0
233

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကံပေါက်ဒေသခံအချို့ နိုဝင်ဘာလ ၂၅ ရက် ည၁၂ နာရီဝန်းကျင် တွင် ပြန်လည်လွတ်မြောက်လာ‌ကြောင်း ၎င်းတို့၏မိသားစုဝင်များထံမှ သိရသည်။

ပြန်လွတ်လာသူများမှာ ဦးတင်ညွန့်၊ ဦးဝင်းရှိန်၊ ဦးကင်းမြင့်၊ ဦးကိုလေး၊ ဦးငယ်ငယ်တို့ဖြစ်သည်။

“အေးအေးဆေးဆေး လာပို့ပေးခဲ့တာပဲ၊ အထဲမှာလည်း အဆင်ပြေပြေနေရတယ် ” ဟု ပြန်လည်လွတ်မြောက်သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်စိုး၊ ‌ဆရာမ ဒေါ်လင်းမြတ်မြတ်မိုး၊ ကံပေါက်ဒေသခံ ကိုပြည်စိုး နှင့် ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာသား ကိုသက်ကိုဦး တို့ကိုမှာမူ ပြန်လွတ်မြောက်လာခြင်းမရှိသေးပေ။

၎င်းတို့အား ကံ‌ပေါက်ဒေသရှိ ရေတပ်စခန်းတခု တွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၄ ရက်က ကံပေါက်ဒေသခံ ၉ ဦး ဆက်တိုက်အဖမ်းခံခဲ့ရပြီး ယင်းတို့အနက် ငါးဦးပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။