ပရဒပ်အုပ်ချုပ်ရေးမှုး၏ညီ သေနတ်ဖြင့်ပစ်သတ်ခံရ

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ပရဒပ်ကျေးရွာ အုပ်ချုပ်ရေးမှုး၏ညီဖြစ်သူ ဦးညီညီ ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့နေလယ်ပိုင်းက မယင်းကြီးရွာရှိ ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ပရဒပ်နှင့် မယင်းကြီးရွာကြား လမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း...

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို...

သီရိလင်္ကာတွင် သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အမတ်များ၏ နေအိမ်များကို မီးရှို့

ဒေါသထွက်နေကြသော လူအုပ်ကြီးများက အာဏာရ သမ္မတ နှင့် ဝန်ကြီးချုပ် ရာဂျာပတ်စာ ညီအစ်ကို ပိုင်သော နေအိမ်များ၊ အာဏာရပါတီ အမတ်များပိုင်သော နေအိမ်များကို မီးတင်ရှို့နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ သီရိလင်္ကာရှိ အစိုးရနုတ်ထွက်ပေးရေး...

လောင်းလုံး ညောပြင်ရွာကို စစ်ကြောင်းထိုးရှာနေ၊ ဒေသခံအချို့ အဖမ်းခံရပြီး အချို့ဒဏ်ရာရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၉) တွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက်စောစောအချိန်မှစပြီး ကျောက်ဝပ်ပြင်ကျေးရွာ ကျိုက်ထီးရိုးတောင်ပေါ်မှနေပြီး...

ထားဝယ် သဗျာရွာတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံနှစ်ဦးဒဏ်ရာရ

ထားဝယ်မြို့နယ်၊ သဗျာကျေးရွာတွင် ယနေ့ (မေ ၉) ညနေပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ...

ဒူးရင်းသီးအစေ့ တစ်ပိဿာ ကျပ် ၇၅၀၀ ဈေးပေါက်

မြိတ်‌တွင် ယနေ့ (မေ ၉) ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ကျပ် ၇၅၀၀ အထိ ဈေးပေါက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်က တစ်ပိဿာလျှင် အနည်းဆုံး ၃၀၀၀ ကျပ်မှ အများဆုံး ၆၀၀၀...

သရက်ချောင်းမြို့နယ် ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုး (ခ) ယောက်အို ဆိုသူကို မေလ ၇ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရပြီး သူရဲတောင်ကြိုးတံတားအနီးတွင် အသတ်ခံထားရ ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၅...

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီပိုင် ရော်ဘာစက်ရုံတိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်နေ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ (မေ ၈) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ပိုင် ရော်ဘာစက်ရုံ တိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ်ဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့...

လောင်းလုံးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ် သဗျာကျေးရွာအုပ်စု၊ မဲမော်ကျေးရွာတွင် ယနေ့ (မေ ၈) နံနက်ပိုင်းက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူမှာ မဲမော်ရွာသား အသက် ၅၀ ကျော်အရွယ်...

ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး၌ စစ်ကောင်စီတပ် ကားတန်းကို မေလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Kanbauk Denfense Force (KBDF) က ထုတ်ပြန်ထားသည်။ မေလ...