သီရိလင်္ကာတွင် သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အမတ်များ၏ နေအိမ်များကို မီးရှို့

0
559
အစိုးရအဖွဲ့၏ နေအိမ်များ မီးရှို့ခံရ

ဒေါသထွက်နေကြသော လူအုပ်ကြီးများက အာဏာရ သမ္မတ နှင့် ဝန်ကြီးချုပ် ရာဂျာပတ်စာ ညီအစ်ကို ပိုင်သော နေအိမ်များ၊ အာဏာရပါတီ အမတ်များပိုင်သော နေအိမ်များကို မီးတင်ရှို့နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သီရိလင်္ကာရှိ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြသူများကို အစိုးရလိုလားသူများက တိုက်ခိုက်ခဲ့ပြီးနောက် လူအုပ်ကြီးများက အစိုးရအဖွဲ့၏ နေအိမ်များကို မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စီးပွါးရေး အကျပ်အတည်းအား အစိုးရ၏ စီမံခန့်ခွဲပုံကို မကြိုက်သဖြင့် ဝန်ကြီးချုပ် မဟင်ဒါရာဂျာပတ်စာ နုတ်ထွက်ရန် တောင်းဆိုနေသော လူထုဆန္ဒပြပွဲများ အတွင်း ယင်းသို့ အဓိကရုဏ်းများ ဖြစ်ပွါးလာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အတွင်းမှာ ရှိနေသော နေအိမ်ကို ဆန္ဒပြသူများက ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ယမန်နေ့ကတည်းက လူ (၇)ဦးသေဆုံးပြီးဖြစ်ကာ (၁၉၀) ကျော် ဒဏ်ရာရရှိသွားကြသည်။

အာဏာပိုင်များက အကြမ်းပတမ်း ဖြစ်စဉ်များကို တည်ငြိမ်အောင် ဆောင်ရွက်နေစဉ်အတွင်း သီရိလင်္ကာ တစ်ကျွန်းလုံးကို ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ကုန်ဈေးနူန်းများ တက်လာခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းများအတွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး သီတင်းပတ်များအကြာအထိ သမ္မတဂိုတာဘယ ရာဂျာပတ်စာ နှင့် အစ်ကိုဖြစ်သူ မဟင်ဒါ တို့ကို ရာထူးက နူတ်ထွက်ရန် လူအများက တောင်းဆိုနေဆဲဖြစ်သည်။

ယမန်နေ့ တနင်္လာနေ့က အစိုးရထောက်ခံသူများသည် မြို့တော်ကိုလံဘိုရှိ ဝန်ကြီးချုပ်မဟင်ဒါရာဂျာပတ်ဆာ ၏ နေအိမ်အပြင်ဘက် သပိတ်စခန်းကိုလည်းကောင်း၊ ကမ်းခြေဘေးဥယျာဉ် ရှိ ပင်မ သပိတ်စခန်းကိုလည်းကောင်း ဝင်ရောက်ရိုက်နှက်ကြသည်။

ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေး အင်အားစုများ လာရောက်နေရာယူပြီး မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် အစိုးရ ထောက်ခံသူများကို ပစ်ခတ်ခဲ့ရသည်။ အစိုးရကို ထောက်ခံသူများသည် ရဲများ၏ အတားအဆီးများကို ကျော်ဖြတ်ကာ ဆန္ဒပြသူများကို တုတ်များဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေါသထွက်သွားသော ဆန္ဒပြသူများက အစိုးရထောက်ခံသူများကို ပြန်ချခဲ့ကြပြီး၊ အာဏာရပါတီ အမတ်များကို ဦးတည်ကာ ပြန်လည်တိုက်ခိုက်လာကြသည်။

အမတ်တစ်ဦး၏ ကားကို လူအုပ်ကြီးက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် အထဲက အမတ်က ပြန်ပစ်သဖြင့် လူနှစ်ဦး သေဆုံးသွားပြီး အဆိုပါ အမတ်ကလည်း မိမိကိုယ်ကို ပစ်သတ်သွားကြောင်း ရဲက သတင်းထုတ်ပြန်ထားသည်။