လောင်းလုံး ဖွားဘုတ်ပြင်ရွာက ဒလန်ဆိုသူ ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် ယနေ့ (မေ ၃၁) ညနေပိုင်းက အသက် ငါး‌ဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူမှာ ဖွားဘုတ်ပြင်ရွာသား ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်ဖြစ်သည့်...

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည်...

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလ အခြေခံပညာကျောင်းများကို အသိအမှတ်ပြု လက်ခံပေးလျက်ရှိပြီး ယခုအချိန်အထိ အွန်လိုင်းကျောင်းပေါင်း ၄၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ ယင်းစာရင်းမှာ ထုတ်ပြန်ချက်များတွင် ဖော်ပြထားမှုအရသာ သိရှိရခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုမိုများနိုင်သည်။

ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ...

ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ

စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။
Bicycle

မြိတ်တွင် ဘေးတွဲဆိုင်ကယ် အဝယ်လိုက်၊ ဈေးမြင့်ရ

မြိတ်မြို့တွင် သုံးဘီးဘေးတွဲဆိုင်ကယ်များ အဝယ်လိုက်ပြီး တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူအချို့ထံမှ သိရသည်။ လူရှစ်ဦးအထိ စီးနိုင်သည့် သုံးဘီးဘေးတွဲဆိုင်ကယ်များအား အဝယ်လိုက်လာနေခြင်းဖြစ် ကြောင်း သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းနင်သူအချို့က ပြောပြသည်။

နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင်...

ရေနံဈေးမြင့်နေချိန် ရုရှား၏ ရေနံထုတ်ကုန်များ ပိတ်ပင်နိုင်ရေး ဥရောပသမဂ္ဂဆွေးနွေး

ဥရောပသမဂ္ဂအရာရှိများ ဘရပ်ဆဲစ်မြို့တွင် ဥရောပသမဂ္ဂအရာရှိများ တွေ့ဆုံကာ ရုရှား၏ ရေနံထွက်ကုန်များကို ပိတ်ပင်ရန် အကောင်းဆုံး နည်းလမ်းအကြောင်း ဆွေးနွေးနေကြစဉ် ရေနံဈေးက အမြင့်ဆုံးအဆင့်ကို တက်သွားခဲ့ကြောင်း Sky News သတင်းတစ်ပုဒ်က ဖော်ပြထားသည်။ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာဗွန်ဒါလီယန် က...

လောင်းလုံး ကြက်ယက်တွင်းရွာအနီးတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရ

လောင်းလုံးမြိုနယ် ဟင်းချိုတောရွာနှင့် ကြက်ယက်တွင်းကျေးရွာကြားတွင် ယနေ့ (မေ ၂၈) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ကျောက်နီမော်ရွာဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး နေ့လယ် ၁၂...