ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

0
635
ဓာတ်ပုံ - BBC

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း အကြီးမားဆုံး နယ်မြေကျော်မှု ဖြစ်သည်။

ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်အရာရှိ ထိုင်ဝမ်ရောက်နေစဉ် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့် ဖြစ်စဉ် ကြုံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်သည့် ခေါင်းစဉ်ဖြင့် လေကြောင်း လှုပ်ရှားမှုများကို မြှင့်တင်လိုက်သည်။

ယင်းသို့ လေကြောင်း လှုပ်ရှားမှုများ မြင့်တက်လာနေခြင်းအပေါ် ထိုင်ဝမ် က စိတ်ဆိုးခဲ့ပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်လာသည်။

တရုတ်သည် ထိုင်ဝမ်ကို ခွဲထွက်ထားသော ပြည်နယ်တစ်ခုအဖြစ် ယူဆထားပြီး လိုအပ်ပါက အင်အားသုံး ပြန်လည်ရယူနိုင်သည့် အနေအထား ပြင်ဆင်ထားသည်။