ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး မြဝတီ အမှတ် ၂ တံတား ယနေ့ပြန်ဖွင့်

မြဝတီမြို့တိုက်ပွဲများကြောင့် ယာယီပိတ်ထားသော ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အမှတ် ၂ တံတားကို ယနေ့ ဧပြီလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြန်မာကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်များနှင့် KNLA/PDF ပူးပေါင်းတပ်များ...

တနင်္သာရီမြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလို

တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ရက်ရှည် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေး အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်မှ ယနေ့ ၃၀ ရက်အထိ ဖြစ်ပွားနေသည့်...

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်လာပြီး ကံပေါက်-နဘုလယ်လမ်းကို ဘတ်ဟိုးဖြင့် ဖျက်ဆီးဖြတ်တောက်

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်ဒေသတို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် စစ်ကောင်စီက ဘတ်ဟိုးဖြင့် မြေတူးပြီး လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင်...

ထားဝယ်တွင် လျှပ်စစ်မီးအပျက်များလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့်ပစ္စည်းများ ဝယ်သူမြင့်တက်

ရာသီဥတု ပူပြင်းချိန် ထားဝယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်လေ့ရှိလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ လဆန်းပိုင်းမှစတင်ကာ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု မကြာခဏ...

တနင်္သာရီ၊ သကျက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလေးဆယ်ကျော်ကြဲချ

တနင်္သာရီမြို့နယ် သကျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၉) ညနေ ၃ နာရီကျော်တွင်လေကြောင်းဖြင့် ဗုံး ၄၃ လုံးကြဲချခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ သကျက်ရွာနှင့် ၂၅ မိုင်ခန့်အကွာက သန္ဒောရွာတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့က...

တနင်္သာရီမြို့နယ် သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က ၇ ရက်ဆက် လေကြောင်းမှတိုက်ခိုက်

စစ်ကောင်စီတပ်စခန်းရှိသည့် တနင်္သာရီမြို့နယ်၊ သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း မြိတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ သိန္ဒောရွာအခြေစိုက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က သတင်းရပြီး ယင်းနေရာတစ်ဝိုက်ကို လေယာဉ်ဖြင့်...

ကော့သောင်းမြို့တွင် ရေရှား၊ ရေပေးဝေရေးစီမံကိန်း အလုပ်မဖြစ်သေး

ကော့သောင်းမြို့တွင် သောက်သုံးရေ ရှားပါးနေပြီး ရေဈေးနှုန်းလည်း မြင့်တက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရေကားထံမှ ဝယ်ယူအသုံးပြုနေရသူတို့မှာ ရေလုံလောက်အောင် ဝယ်မရသဖြင့် အခက်အခဲဖြစ်နေကြောင်း မြို့ခံအချို့က ဆိုသည်။ “ရေကားက ကိုယ်လိုတဲ့အချိန်ဆို...

ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုတို့ကို ဧပြီလ ၂၈ ရက် ညနေပိုင်းက ဒရုန်းဖြင့် ‌ဗုံး သုံးလုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်တပ်မတော် (ပုလော) ၊ မြိတ်ခရိုင် တပ်ရင်း (၁) ထံက သိရသည်။

မလွှဲတောင်ကို တစ်နေ့နှစ်ကြိမ် အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်ခွင့်ပြု

မွန်ပြည်နယ်ဘက်မှ တနင်္သာရီတိုင်းထဲသို့အဝင် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သင်္ကြန်ကာလနောက်ပိုင်း ကစ၍ တစ်နေ့နှစ်ကြိမ် အချိန်အကန့်သတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ကားသမားများနှင့် ခရီးသွားများထံက သိရသည်။ နံနက် ၈ နာရီခွဲဝန်းကျင်မှ ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၃...

ရေဖြူ သဲချောင်းရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ယင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။ ဧပြီလ ၂၅ ရက်တွင် သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် အသက် ၄ဝ ကျော်အရွယ်...