မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ကံပေါက်အဝင်လမ်းပိတ်ထား

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်က မေလ ၉ ရက်နှင့် ၁ဝ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့ (မေ ၁၁)တွင် ကံပေါက်တိုက်နယ် အဝင်လမ်းကို ပိတ်ထားသည်ဟု ဒေသခံများထံကသိရသည်။

ထိုင်းမှာ ဗီဇာသက်တမ်းလွန် ရက်ပေါင်း နှစ်ထောင်ကျော် နေထိုင်တဲ့ နယူးဇီလန်နိုင်ငံသားအဖမ်းခံရ

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ အသက် ၆၀ အရွယ် နယူးဇီလန်နိုင်ငံသား တကိုယ်တည်းသမားတစ်ယောက်ဟာ ဗီဇာသက်တမ်းကုန်ဆုံးပြီး ၅ နှစ်ကျော် နေထိုင်ခဲ့ပါတယ်။ ဒီလိုနှစ်နဲ့ ချီပြီး တရားမဝင်နေလာခဲ့ပေမယ့် သူ့ကို ရဲတွေ ဖမ်းမိသွားလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပါဘူး။

တနင်္သာရီတိုင်းတွင် မေလဒုတိယအပတ်အတွင်း နေ့စဉ်ရက်ဆက်မိုးရွာနိုင်

တနင်္သာရီတိုင်းတွင် မေလ ၁၁ ရက်မှ ‌၂၀ ရက်အတွင်း နေ့တိုင်းနီးပါး မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ယင်းကာလအတွင်း မိုးရွာနိုင်ခြေမှာ ၆ ရက်မှ ၉ ရက်အထိ ရှိကြောင်း မိုးဇလက...

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ်မိုင်းခွဲခံရပြီး တံတားကျိုးကျ

ရန်ကုန်- မော်လမြိုင် - ထားဝယ် ပြည်ထောင်စုလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ယနေ့ နံနက် ‌၂ နာရီ ဝန်းကျင်တွင် မိုင်းခွဲခံရပြီး တံတားကျိုးကျပြီး သွားလာ၍ ၎င်းရတော့ကြောင်း ခရီးသွားပြည်သူများထံမှသိရသည်။ ကျုံအိတ်တံတားသည် မွန်ပြည်နယ် သထုံမြို့နယ်နှင့်...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရုရှားသမ္မတ...

ကနက်သီရီရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ အမျိုးသားသုံးဦးသေ

သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာကို စစ်ကောင်စီက ယနေ့ (မေ ၁ဝ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးနှင့် ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ ကနက်သီရီရွာသားများဖြစ်သည့် ဦးနောင်ဂေါ ၊...

ကလိန်အောင်မြို့အနီး စစ်ရဟတ်ယာဉ် ပျံဝဲ၍ မြို့ခံများစိုးရိမ်၊ ဇင်းဘာရွာသားများလည်း ရွှေ့ပြောင်း

တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ရှိနေချိန် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် ယနေ့ မေလ ၁ဝ ရက် မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ် ပျံဝဲနေသဖြင့် မြို့ခံများ စိုးရိမ်နေကြောင်း မြို့ခံတို့က ပြောသည်။ တိုင်းအတွင်း သရက်ချောင်း၊ လောင်းလုံး၊...

တနင်္သာရီက အမျိုးသမီးစစ်ရှောင်များ မိုးတွင်းအတွက် လစဉ်သုံးနှင့် အတွင်းခံများ အကူအညီလို

တနင်္သာရီမြို့နယ်ရှိ အမျိုးသမီးစစ်ဘေးရှောင်များ လာမည့် မိုးတွင်းအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အတွင်းခံများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သောနှစ် မိုးရာသီအတွင်းက အမျိုးသမီးစစ်ဘေးရှောင်ဒုက္ခသည်များသည် လစဉ်သုံးပစ္စည်းများ၊ အတွင်းခံနှင့် အခြား အဝတ်အထည်ပစ္စည်းများ...

မောင်မယ်ရှောင်ရွာထဲသို့ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခံရ

သမိုင်းဝင် ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားရှိသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်းသို့ မေလ ၉ ရက်ညက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။ ဇာဟာရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်းက ည ၉ နာရီခန့်ကစပြီး လက်နက်ကြီးဖြင့်...

တနင်္သာရီ၊ သရက်ချောင်း၊ လောင်းလုံး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ကိုးဦးသေဆုံး

တနင်္သာရီမြို့နယ် သိန္ဒောစစ်ကောင်စီစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်း၊ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သည့် တိုက်ပွဲတို့တွင် တော်လှန်ရေးတပ်များဘက်က ကိုးဦးသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီမြို့နယ် သိန္ဒောရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၂၃ ရက်မှ မေလ...