မြိတ် တုံးဗျောရွာမှ ပျူစောထီး ဒုခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနေ ပျူစောထီး ဒုခေါင်းဆောင်မှာ ယနေ့နံနက်တွင် မြိတ်စစ်ဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မနေ့ညက နေအိမ်မှ ကားဖြင့်ထွက်လာသည့် ပျူစောထီးခေါင်းဆောင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိ အုပ်စုတစ်စုက သေနတ်ဖြင့်...

ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း...

ကွယ်လွန်သွားတဲ့ ဦးလေးရဲ့ အရိုးစုကို ဂစ်တာလုပ်တီးနေတဲ့ အမေရိကန်ဂီတာသမား

မက်တယ်ဂီတကို နှစ်သက်သူတွေဟာ အရိုးခေါင်းတွေ အရိုးစုတွေကို အဆင်အပြင်တွေ လုပ်ကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ တကယ့်အရိုးစုကြီးကို ဂီတာလုပ် တီးတာကတော့ နည်းနည်းများသွားပြီ။ ဖလော်ရီဒါပြည်နယ်က Prince Midnight သန်းခေါင်မင်းသား လို့ နာမည်ရတဲ့ ဂီတသမားတစ်ယောက်ဟာ ကွယ်လွန်သွားရှာသူ ဦးလေးတော်စပ်သူရဲ့...

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ်...

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ဆိုသူသည် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်သတ်ခံရခြင်း...

မြိတ်မြို့ဘုံပျံစာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

မြိတ်မြို့၊ရေပုန်းအုပ်စု၊ဘုံပျံရပ်ကွက်စာသင်ကျောင်းအနီး တက္ကသိုလ်မိန်းလမ်းမတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲသံတစ်ချက်ကြားခဲ့ရကြောင်း  ဘုံပျံဒေသခံများ ကအတည်ပြုပြောဆိုသည်။ ဒေသခံများကမူ မိုင်းကွဲသည့် အကြောင်းအရင်းကို မသိရှိကြပေ။ သို့သော် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကမူ နန်းထိုက်အောင်...

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား နှစ်ဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် မြန်မာနှစ်ဦးနှင့် ထိုင်ငံသားကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ချွန်ဖွန်ခရိုင် ထာ့စဲ့ဒေသရှိ ဖက်ခ်ျကစိုမ်လမ်းမပေါ် ကီလိုမီတာ ၄၇၆ တွင် ဇူလိုင်လ ၁၅...

လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်...

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗြိတိန်သံရုံးတာဝန်ခံ မြန်မာနိုင်ငံမှ ရုတ်တရက်...