ကွယ်လွန်သွားတဲ့ ဦးလေးရဲ့ အရိုးစုကို ဂစ်တာလုပ်တီးနေတဲ့ အမေရိကန်ဂီတာသမား

0
823

မက်တယ်ဂီတကို နှစ်သက်သူတွေဟာ အရိုးခေါင်းတွေ အရိုးစုတွေကို အဆင်အပြင်တွေ လုပ်ကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ တကယ့်အရိုးစုကြီးကို ဂီတာလုပ် တီးတာကတော့ နည်းနည်းများသွားပြီ။

ဖလော်ရီဒါပြည်နယ်က Prince Midnight သန်းခေါင်မင်းသား လို့ နာမည်ရတဲ့ ဂီတသမားတစ်ယောက်ဟာ ကွယ်လွန်သွားရှာသူ ဦးလေးတော်စပ်သူရဲ့ အရိုးစုကို ဂီတာအဖြစ် အသွင်ပြောင်းပြီး တီးနေသတဲ့။

ဦးလေးဖြစ်သူ အန်ကယ်ဖိလစ် ဟာ ၁၉၉၀ ကာလများက ကားမတော်တဆမှုနဲ့ ဂရိမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ မက်တယ်ဂီတရဲ့ အမာခံသမားကြီးလို့ သူက ဆိုပါတယ်။

ဦးလေးရဲ့ အရိုးစုကို မကြာသေးခင်ကမှ ပြန်လည်တူးဖော်ခဲ့ပြီးတော့ ယခုလို ပြန်လည်ဆင်မြန်းခဲ့တာပါ လို့ သန်းခေါင်မင်းသား က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဂရိသုသာန်နဲ့ အမေရိကန်အရာရှိတွေရဲ့ ခွင့်ပြုချက်နဲ့ အရိုးစုကို ပြန်လည်သယ်ဆောင်ပြီး လုပ်ငန်းဆောင်ရွက်ကြတာ ဖြစ်ပါသတဲ့။

သန်းခေါင်မင်းသားကြီး ဟာ တန်ပါ အခြေစိုက် မက်တယ်ဂီတသမားဖြစ်ပြီးတော့ သူတီးခတ်နေတဲ့ အရိုးစု ဂီတာကြောင့် ပိုပြီး လူသိများလာနေပါတယ်။

ဦးလေးတော်ရဲ့အရိုးစုဂီတာပုံကို Twitter မှာ တင်ရင်း မက်တယ်ဂီတနဲ့ ပေါက်ကွဲပြီး ဘယ်တော့မှ အနားမရ ပါနဲ့ Prince Midnight က တင်ထားပါတယ်။