ကိုဗစ်လှိုင်းမိ သဗ္ဗန်သမား ရာချီကို အစားအသောက် ထောက်ပံ့

မြိတ်နှင့် ကျွန်းစုမြို့နယ်ရှိ ကိုဗစ်လှိုင်းမိ သဗ္ဗန်ကူးတို့လှေ မောင်းသူနှစ်ရာနီးပါးအား ဆန်၊ ဆီ၊ ငါးသေတ္တာအပါအဝင် အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့မှုရရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၃ ရက်နေ့ ကျွန်းစုလွှတ် တော်ကိုယ်စားလှယ်များ၊ ကျွန်းစု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလှူရှင်တစ်ချို့၏...

မြိတ်လေတပ်စခန်းဌာနချုပ်တွင် အမျိုးသမီး ၅ ဦး မိုးကြိုးထိမှန် သေဆုံး

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာနှင့် ကပ်လျက်ရှိ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခံမှုကြောင့် အမျိုးသမီးငါးဦးသေဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။

သမုတ် – လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန် ပြီးမည်

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်သမုတ်ကျေးရွာနှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းတံတားတည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။ သမုတ်-လွတ်လွတ် မြစ်ကူးတံတားအား ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်း စတင်ဆောက်လုပ်ခဲ့ပြီး တံတားအရှည်မှာ...

စည်းကမ်းဖောက်ဖျက်သည့် လှေဦးစီးနှင့် ငါးဆရာများကိုပါ အရေးယူရန်ပြော

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာ၌ စည်းကမ်းဖောက်ဖျက်ကာ ငါးဖမ်းသည့်လှေဦးစီး(ပဲ့နင်း)နှင့် ငါးဆရာများကိုပါ အရေးယူပေးရန် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။ ပင်လယ်ပြင်အတွင်း စည်းကမ်းဖောက်ဖျက်ကာ ကမ်းဝေးလှေများမှကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်းခြင်းများရှိခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်သည့်အခါ လှေရှင်များတွင်သာဒဏ်ရိုက်ခံရပြီး လှေဦးစီး(ပဲ့နှင်းနှင့်...

မြိတ်-ရန်ကုန် ခရီးသည်ယာဉ်လိုင်း စဖွင့်

ကိုဗစ်ကပ်ဘေးကြောင့် နှစ်လအကြာရပ်နားထားရသည့် မြိတ်နှင့် ရန်ကုန် ခရီးသည်ယာဉ်လိုင်းများအား လူတစ်ဦးလျှင် ထိုင်ခုံနှစ်လုံးစနစ်ဖြင့် စတင်သွားလာခွင့်ပြုလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းအသင်းများထံမှ သိရသည်။ မြိတ်နှင့် ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ခရီးသည်များပို့ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန်လ ၅ ရက်နေ့မှ စတင်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ယာဉ်လိုင်းအသင်းတာဝန်ခံများက...

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှု ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဟုဆို

မြိတ်ခရိုင် တနင်္သာရီမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန်သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည်ဆိုသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါအမှုကို စတင်တရားစွဲဆိုထားသည်မှာ...

နိုင်ငံအဆင့် သန့်ရှင်းစိမ်းလန်း စိုပြည်ကျောင်းဆု ကျွန်းစု အ.ထ.က ဆွတ်ခူး

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု ကို ကျွန်းစုမြို့ ပထက်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းက ဆွတ်ခူးခဲ့ ကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့...
ကမ်းဝေးငါးဖမ်းလှေများ။

VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက်...

မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ...

မြိတ်တွင် လက်ဖက်ရည်နှင့် စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်ရောင်းရန် ပြင်ဆင်

မြိတ်ရှိ လက်ဖက်ရည်နှင့်စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေကြောင်းဆိုင်ရှင်များနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်းငါးရာကျော်မှာ ဧပြီလ၁ရက်နေ့မှ စတင်ကာဆိုင်ထိုင်စနစ်ရပ်နားကာ ပါဆယ်စနစ်ဖြင့်သာရောင်းချခဲ့ရသည်။ ယခုအခါယင်းဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ပြန်လည်ရောင်းချနိုင်ရေး...