ကိုဗစ်ကြောင့် မြိတ်လျှပ်စစ် ဒီဇယ်လောင်စာဖြင့် စဖြန့်မည် ဟုဆို

ကိုဗစ်ဂယက်ကြောင့် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ အောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ဖြင့် စတင်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လက်ရှိတွင်...

မောတောင်နယ်စပ်မှတစ်ဆင့် ဝင်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ဆေးရုံတွင် စောင့်ကြည့်

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားသည် မေလ ၁၂ ရက်က တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း...

ကိုဗစ်လှိုင်းမိ သမ္ဗန်သမားများ

မြိတ်မြို့ ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သမ္ဗန်အစီးရေ နှစ်ရာနီးပါးခန့်ရှိသည့်အနက် အားလုံးသည်ကိုဗစ်ကြောင့် မကြုံဖူးသည့် အကျပ်အတည်းကာလနှင့် ရင်ဆိုင်စီးချင်းထိုးနေကြရသည်။ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းအထိနေ့စဉ် ဝင်ငွေရှိနေကြသည့် မြိတ်မြို့မှ သမ္ဗန်မောင်းသူများ ယခုအခါဝင်ငွေ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ

ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ...

မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်

နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း...

တနင်္သာရီမြစ်ကူးတံတား မကြာမီ အသုံးပြုနိုင်မည်

ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သို့ သွားလာရာတွင် အရေးပါသည့် တနင်္သာရီမြစ်ကူးတံတားသစ်အား မေလအကုန်ခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ လက်ရှိတွင် တနင်္သာရီမြစ်ကူးတံတားမှာ ပြီးစီးလုနီးဖြစ်ပြီး အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းတံတား စီမံကိန်းတည်ဆောက်ရေး အဖွဲ့(၄)မှ...

ပုလောမြို့ရှိ နေအိမ်တစ်ဆောင်အား Lockdown ချ

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်‌ဆောင်အား ဧပြီလ ၇ ရက်နေ့မှစပြီး Lockdown ချထားလိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးတို့ထံမှ သိရသည်။ ရန်ကုန်မြို့မှ မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့်...

လေပြင်းကြောင့်မြိတ်နှင့် ကျွန်းစုတွင်နေအိမ်အချို့ ပြိုကျ

လေပြင်းကြောင့် မြိတ်နှင့် ကျွန်းစုတွင် နေအိမ်တချို့ပြိုကျပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ မေလ ၁၁ ရက်ညနေ ၅ နာရီခန့်က တိုက်ခဲ့သည့်လေပြင်းကြောင့် မြိတ်မြို့နယ် ရွှေပေးရွာပုစွန်ကန်လမ်းရှိ လူနေအိမ်နှစ်လုံးနှင့် ကျွန်းစုမြို့နယ်ပထော်ကျေးရွာရှိ နေအိမ်တစ်လုံးပြိုကျပြီး ဘုန်းကြီးကျောင်းတစ်ဆောင်သည်လည်း...

ကလွင်ကျေးရွာရေတားတမံ မိုးရာသီကုန်လျှင် စလုပ်မည်

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ပင်လယ်ရေငန်တားတမံအား ယခုနှစ်မိုးရာသီကုန်လျှင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားသည်။ ရေငန်တားတမံ (ပင်လယ်ဝတာတမံ ဟောင်း) အပါအဝင် အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်သွားရန်လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ငွေကျပ်သန်း ၁၇၀ တောင်းခံထားသည်ဟု...

ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ

မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့်...