လေပြင်းကြောင့်မြိတ်နှင့် ကျွန်းစုတွင်နေအိမ်အချို့ ပြိုကျ

0
568

လေပြင်းကြောင့် မြိတ်နှင့် ကျွန်းစုတွင် နေအိမ်တချို့ပြိုကျပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။


မေလ ၁၁ ရက်ညနေ ၅ နာရီခန့်က တိုက်ခဲ့သည့်လေပြင်းကြောင့် မြိတ်မြို့နယ် ရွှေပေးရွာပုစွန်ကန်လမ်းရှိ လူနေအိမ်နှစ်လုံးနှင့် ကျွန်းစုမြို့နယ်ပထော်ကျေးရွာရှိ နေအိမ်တစ်လုံးပြိုကျပြီး ဘုန်းကြီးကျောင်းတစ်ဆောင်သည်လည်း အမိုးလန်ကာပျက်စီးခဲ့ရကြောင်း အထက်ပါဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။


အိမ်ပြိုကျမှုတွင် လူများထိခိုက်မှုမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို သွားရောက်ထောက်ပံ့နေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။


“လက်ရှိကတော့ ဘေးအိမ်တွေမှာ တက်နေကြတယ်” ဟု စန္ဒဝတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။


လေပြင်းကြောင့် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက်တွင်လည်း လူနေအိမ်နှင့် ကြက်ခြံအချို့အမိုးလန်ခဲ့ရကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။