ကိုဗစ်ကြောင့် မြိတ်လျှပ်စစ် ဒီဇယ်လောင်စာဖြင့် စဖြန့်မည် ဟုဆို

0
425

ကိုဗစ်ဂယက်ကြောင့် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ အောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ဖြင့် စတင်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့်HFOလောင်စာနှင့် ယင်းစက်ကို နိုင်ငံခြားမှဝယ်နှင့် သယ်ယူရန် အခက်ကြုံ နေရခြင်း၊ စက်ရုံမြေနေရာအတွက် အခြား နည်းအသုံးပြုခွင့်မရသေးခြင်း စသည့် အကြောင်းများကြောင့် ယင်းကုမ္ပဏီက ဒီဇယ်အင်ဂျင်ဖြင့် ယာယီ ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီက မြိတ်မြို့နယ် လျှပ်စစ်အတွက်HFOလောင်စာဖြင့် လျှပ်စစ်တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထား ခြင်းဖြစ်သည်။

မီးထိုးလောင်စာဟု အကြမ်းဖျင်း ခေါ်သောHFO မှာ ရေနံစိမ်းကို ချက်လိုက်ပါက အညံ့ဆုံး လောင်စာဆီ အမျိုးအစားဖြစ်ပြီး မီးခိုးပိုထွက်ကြောင်း အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီ တစ်ခု အလုပ်လုပ်ကိုင်နေသော အကြီးတန်း မန်နေဂျာတစ်ဦးက တနင်္သာရီ အပတ်စဉ်သို့ပြောကြားသည်။

ရေနံစိမ်းကို ချက်လိုက်ပါက ဓာတ်ဆီ၊ လေယာဉ်ဆီ တို့ကဲ့သို့သော အကောင်းစားဆီ၊ အတော်အသင့် ကောင်းသော ဒီဇယ်ဆီနှင့် အညံ့ဆုံးHFO ၊ ထို့နောက် ထိုထက်ပိုညံ့သော ကတ္တရာတို့ အသီးသီးထွက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

ပုံမှန်အားဖြင့် မီးထိုးဆီမှာ ဒီဇယ် ထက် ဈေးပိုနိမ့်လေ့ရှိသော်လည်း ယခုအခါHFO ဝယ်လိုအားများလာပြီး ဒီဇယ် ပေါက်ဈေးနှင့် တန်းတူနီးပါးမျှရှိကြောင်း သူကဆိုသည်။

HFO လောင်စာသုံး အင်ဂျင်စက်ကို မြိတ်မြို့နှင့် သုံးမိုင်ခန့်အကွာတွင် တည် ဆောက်နိုင်ရန် မြေနေရာဝယ်ယူရန် စီစဉ်နေကြောင်း Petro & Trans ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောဆို ခဲ့ဖူးသည်။

တင်ဒါစည်းမျဉ်းအရ ယခုနှစ် ဇူလိုင်လ ၁၈ ရက်ထက်နောက်မကျစေဘဲ လျှပ်စစ်စတင်ထုတ်လုပ်ဖြန့်ဖြူးပေးရ မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောသည်။

ယာယီအားဖြင့် ဒီဇယ်အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သော် လည်း လျှပ်စစ်ယူနစ်ဈေးနှုန်းကိုမူ တင်ဒါအောင်မြင်ထားသည့် နှုန်းထား အတိုင်းသာ ကောက်ခံရမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ဆို သည်။

“လောလောဆယ် ဒီဇယ်နဲ့ပဲပေးမှာပေါ့။ ဒီဇယ်နဲ့ တင်ဒါအောင်တဲ့ဈေးနဲ့ပဲ ပေးမယ်”ဟု ဦးအောင်သူရက ပြောသည်။

HFO လောင်စာအသုံးမပြုမီ တင်ဒါ အောင်ဈေးနှုန်းအတိုင်း ဒီဇယ်လောင်စာ ဖြင့် ထုတ်ပေးမည့်အပေါ် ကြိုဆိုကြောင်း မြိတ်မြို့၊ ရေနံမြေရပ်ကွက်နေ ဦးထွန်းထွန်းဦး က ဆိုသည်။

သို့ရာတွင် ဒီဇယ်ဈေးတက်ချိန်တွင် ယူနစ်ဈေးနှုန်းပါ တိုးမြင့်ကောက်ခံပါက လက်ခံနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ဒီဇယ်ဈေးအလိုက် လျှပ်စစ်ဈေး နှုန်းတက်သွားမယ်ဆိုရင်တော့ သေချာ တယ် ဘိတ်သူဘိတ်သားတွေ အော်လာလိမ့်မယ်”ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

မြိတ်လျှပ်စစ်အတွက် အဆိုပါ ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ မေလ ၂၆ ရက်နေ့တွင် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ စာချုပ်၏ သက်တမ်းမှာ ငါးနှစ် သို့မဟုတ် မဟာဓာတ်အားလိုင်း ရောက်ရှိသည့် အချိန်ထိဖြစ်ပြီး စာချုပ်ပါ အချက်အလက်များကိုမူ စည်းမျဉ်းစည်း ကမ်းအရ ထုတ်ပြန်၍မရကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

အဂတိလိုက်စားမှုဖြင့် ထောင်ချ ခံနေရသည့် ဒေါက်တာလဲ့လဲ့မော်လက် ထက်တွင် GGS ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့ ည့် ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ရောင်းချရေး စာချုပ်ကို မီဒီယာများကို ထုတ်ပြန်ခဲ့ဖူးသည်။

မြိတ်မြို့နယ်ကို လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးပေးမည့် Petro & Trans ကုမ္ပဏီ သည် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းကိုလည်း လုပ်ကိုင် နေသည်။

အထက်ပါ ကုမ္ပဏီက ထားဝယ်ခရိုင် လျှပ်စစ်ကို သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ် ဖြန့်ဖြူးမည်ဟု တင်ဒါအောင်ထားသော် လည်း လက်ရှိအချိန်ထိ ဒီဇယ်အင်ဂျင် ဖြင့် ထုတ်လုပ်နေဆဲဖြစ်သည်။

Dawei Watch