ကိုဗစ်အမိန့်ဖောက် မာဆတ် အရေးယူရန် ခက်နေသည်

ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး အတွက် ချမှတ်ထားသော စည်းကမ်းချိုး ဖောက်သည့် မြိတ်မြို့မှ မာဆတ် (အနှိပ်ခန်း) ကို အရေးယူရန် အခက်တွေ့ နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောကြားသည်။ မြိတ်တွင်...

ကိုဗစ်ကာကွယ်ရေး ဖောက်ဖျက်မှု ၇၀ ကျော်

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ထိန်းချုပ်ရေးအမိန့်ကို ဖောက်ဖျက်၍ အရေးယူခဲ့သည့်အမှုပေါင်း ၇၀ ဝန်းကျင် ရှိကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ဖောက်ဖျက်သည့် အတွက် ဖမ်းဆီးအရေးယူခဲ့သည့်အမှု...
Mask

နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

လမ်းထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ နှာခေါင်းပိတ်မတပ်သူများကို မေလ ၈ ရက်နေ့က စတင်ကာ မြို့နယ်အလိုက် ထိထိရောက်ရောက် အရေးယူတော့မည် ဖြစ်ကြောင်း...

ထီ ရောင်းအားထက်ဝက်ကျ

ကိုဗစ်နိုင်တင်းဂယက်ကြောင့် ယခုလအတွင်းထီရောင်းအား ထက်ဝက်ကျဆင်းခဲ့ကြောင်း မြိတ်မြို့ရှိထီဆိုင်များထံမှ သိရသည်။ မြိတ်မင်္ဂလာပွဲသို့ လာရောက်ခဲ့သည့် ပိုးတွေ့လူနာအမှတ် ၂၅ ဧပြီလ ၁၀ ရက်တွင် ပိုးတွေ့သည်ဟု ကြေညာပြီးနောက် ရောင်းအားထက်ဝက်ခန့်ကျဆင်းခဲ့ရကြောင်း ထီဆိုင်ရောင်းချသူ တချို့ကဆိုသည်။

တပ်ပြင် နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာ လက်ခံ

မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာလက်ခံကြောင်း တပ်ပြင်နာရေးဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။ ပုံမှန်အားဖြင့် အသုဘများအား သုံးရက်၊ ငါးရက်စသဖြင့် လက်ခံလေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေသည့် ကာလတွင်တစ်ညသာ လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဥက္ကဋ္ဌ ဦးဝင်မောင်က...

နယ်မြေအုပ်ချုပ်ရေးမှူးကိုယ်ထိ လက်ရောက်ကျူးလွန်ခံရ

မြိတ်မြို့၊ ရေပုန်းနယ်မြေရှိအုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သားများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်က စည်ပင်ဝန်ထမ်းနှင့် မြေစာရင်းဝန်ထမ်းအပါအဝင် ရေပုန်းနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက်အတွင်း နေအိမ်တစ်ဆောင်မှ အုတ်နံရံခြံစည်းရိုးကာရံထားမှုအား သွားရောက်စစ်ဆေးစဉ် ယင်းလမ်းနေ အသက် ၅၀...

မြိတ်လျှပ်စစ်မီး တစ်ယူနစ် ၂၈၀ ကိစ္စ ကျန်လများ မသိရသေးဟုဆို

မြိတ်လျှပ်စစ်မီး ဧပြီလအတွက် တစ်ယူနစ်လျှင်၂၈၀ကျပ်အား တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ခဲ့ပြီး ကျန်လများမသိရသေးဟု မြိတ်စိမ်းလန်းစွမ်းအင်မီးလင်းရေးကုမ္ပဏီမှစီမံကိန်းဒါရိုက်တာဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်မီးတစ်ယူနစ်ကို ၃၈၀ ကျပ် ဖြင့်ကောက်ယူနေရာမှ ကိုဗစ်ကာလအတွင်းလျှော့ချရန်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် ဧပြီလအတွက်တစ်ယူနစ်လျှင်၂၈၀ကျပ် နှုန်းထားဖြင့် တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့...

ကျေးရွာထွက်ကုန်များ မြိတ်ဈေးကွက်သို့‌ တင်ပို့ရာတွင် အခက်တွေ့

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်သည့် ငှက်ပျော၊ အုန်း၊ သရက်၊ ဟင်းသီးဟင်းရွက်စသည့် ဥယျာဉ်ခြံထွက်ကုန်များအား မြိတ်ဈေးကွက်သို့ တင်ပို့ရာတွင် ခက်ခဲမှုများရှိနေကြောင်း သိရသည်။ မြိတ်မှ တနင်္သာရီမြို့နယ်သို့ နေ့ချင်းပြန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာ သင်္ကြန်မတိုင်ခင်မှစပြီး လက်ရှိအချိန်ထိ ရပ်နားထားသဖြင့်...

ကျွန်းစုရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်း ရပ်နား

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနဘေးရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်းများရပ်နားထားရကြောင်း မြိတ်မြို့ရှိကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်မဖြစ်မီကတစ်ရက်လျှင် ကဏန်းပိဿာချိန်ထောင်ချီဝယ်ယူနေသည့် ကဏန်းအဝယ်ဒိုင်ကြီးများအနေနှင့် ယခုအခါပိဿာချိန်နှစ်ရာခန့်သာ ဝယ်ယူနိုင်တော့ကြောင်းကဏန်းအဝယ် ဒိုင်ပိုင်ရှင်များက ပြောကြားသည်။ “ပင်လယ်ရွာနှစ်ဆယ်ကျော်က လူသုံးရာလောက်က ကျွန်တော့ဖောက်သည်တွေ...