VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

0
366
ကမ်းဝေးငါးဖမ်းလှေများ။
ကမ်းဝေးငါးဖမ်းလှေများ။

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက် ဆိုက်ကပ်ထားကြပြီ ဖြစ်သည်။

ယင်းသို့ ဆိုက်ကပ်ထားချိန်တွင် လည်းVMS ခြေရာခံစနစ် ဖွင့်ထားရမည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ကမ်းကပ်ထားသည့်ရေယာဉ် များအား ဇွန်လ ၁ရက်မှနေ့မှစ၍ စောင့် ကြည့်ရေး စင်တာများမှ စောင့်ကြည့် ကာ စက်ပိတ်ထားသည့်လှေများအား အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်း ဦးစီးမှူး ဦးသံချောင်းက ပြောသည်။

“ငါးလတိုင်တိုင် ကျွန်တော်တို့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်တဲ့စည်း ကမ်းမလိုက်နာတဲ့ လှေတွေကို ဖုန်းနဲ့ သော်လည်းကောင်း၊ စာနဲ့သော်လည်း ကောင်း၊ လူကိုယ်တိုင် ခံဝန်ကတိရေးထိုး ခြင်းသော်လည်းကောင်း ပညာပေးကာလ အဖြစ် ပြုလုပ်ပြီးပါပြီ စည်းကမ်းဖောက် ဖျက်တဲ့လှေတွေကို စတင်အရေးယူတော့ မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ငါးလအတွင်းVMS စနစ်တပ်ဆင် ထားသည့် ကမ်းဝေးငါးဖမ်းလှေ တစ် ထောင့်ငါးရာကျော်ရှိခဲ့ပြီး တိုင်းအတွင်း ရာနှုန်းပြည့် တပ်ဆင်ပြီးဖြစ်သည်ဟု ဦးသံချောင်းက ဆိုသည်။

“ပြီးခဲ့တဲ့ ငါးလအတွင်း ကျနော် တို့အနေနဲ့ ပြစ်မှုကျူးလွန်တဲ့လှေ အစီး လေးရာနီးပါးကို ပညာပေးတာတွေကို ဆောင်ရွက်ခဲ့ပြီးပြီ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကမ်းဝေး ငါးဖမ်းလှေ လေးရာ နီးပါးသည် တားမြစ်ထားသည့်ငါးဖမ်း ကွက်များတွင် ဝင်ရောက်ငါးဖမ်းခြင်း၊ ဒေသခံများ စီမံခန့်ခွဲထိမ်းသိမ်းထား သည့် ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်း ခြင်း၊ ခြေရာခံစနစ်ပိတ်ကာ ငါးဖမ်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့ကြကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။

ငါးမဖမ်းရ ရာသီသုံးလအတွင်း ကမ်းတွင်ရပ်နားပြီး ခြေရာခံစနစ် ဖွင့်ရ မည်ဆိုလျှင်အခက်အခဲ အချို့ရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှအတွင်း ရေးမှူး ဦးသက်စိုးက ပြောသည်။

” VMS ကို နှစ်ဆယ့်လေးနာရီဖွင့်ထားရမယ်ဆိုတော့ ဘထ္ထရီအားကုန်တိုင်း အားပြန်သွင်းဖို့ စက်မောင်းရမယ်။ တစ်နေ့ကို ဆီဆယ်ဂါလံကနေ ဂါလံနှစ် ဆယ်အထိ ကုန်ကျနိုင်တယ်။ လှေစောင့် က ပေါ့လျော့လို့ လေးနာရီအထိ အဆက်အသွယ် ပြတ်တောက်သွားရင် ဒဏ်ငွေငါးသောင်း အရိုက်ခံရမယ်။ ဒီလို အခက်အခဲတွေရှိတယ်”ဟု ၎င်းက ပြော သည်။

ငါးမဖမ်းရရာသီအတွင်း ကမ်းတွင် ရပ်ထားသည့် ငါးဖမ်းလှေများ တရား မဝင် ငါးထွက်ဖမ်းနိုင်ခြင်း၊ ပြန်တပ်ဆင် ရာ၌ အခက်အခဲ ဖြစ်နိုင်ခြင်းတို့ကြောင့် ခြေရာခံစက်ကို ဖွင့်ခိုင်းထားခြင်းဖြစ် ကြောင်း တိုင်းငါးလုပ်ငန်းဦးစီးမှူး ဦးသံချောင်းက ပြန်လည်ပြောဆိုသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာက ရေလုပ်သားတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ရေလုပ်ငန်းရှင်များ အနေဖြင့်မူ ကမ်းကပ်ထားစဉ်ခြေရာခံ စနစ်ပိတ်ထား ခွင့်ပြုပေးပါရန်လယ်ယာနှင့်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်ထံသို့ စာဖြင့် တင်ပြထားကြောင်း မြိတ်ခရိုင်ငါးလုပ် ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

လက်ရှိအချိန်တွင် လှေအားလုံး ကမ်းကပ်ထားပြီး လိုင်စင်များလည်း အပ်ထားပြီးဖြစ်သည့်အတွက် မည်သူမျှ ပင်လယ်ပြင်တွင် ငါးထွက်ဖမ်းမည် မဟုတ်ကြောင်း ဦးသက်စိုးက ဆိုသည်။

“လှေတစ်စီးတန်ဖိုးက သိန်းတစ်ထောင်ရှိတယ်။ ရမယ့်ငါးက ၁၀ သိန်း၊ ၁၅ သိန်းပဲ လှေအဆုံးရှုံးခံပြီး ဘယ်သူမှ ရင်းမှာ မဟုတ်ဘူး”ဟု၎င်းကပြောသည်။

Dawei Watch