တိုင်းအတွင်းရှိ အလုပ်သမား တစ်ထောင်ကျော်ကို လူမှုဖူလုံရေးကြေး ပေးမည်

0
380

တိုင်းအတွင်း လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသူများအနက် ပိတ်ထား သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား တစ်ထောင်ကျော် (၁၂၄၅) ဦးကို လူမှုဖူလုံရေးကြေး ပေးမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံး ထံမှ သိရသည်။

ကိုဗစ်ကာလတွင် ပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၉၈ ရုံမှ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသည့် အလုပ်သမားများကို လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဆောင်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“လက်ရှိကတော့ ထောက်ပံ့ရန်ရှိတဲ့ စာရင်းတွေကို တင်ထားဆဲပဲ ရှိသေး တယ်။ အကုန်လုံး အသေးစိတ်အချက် အလက် မှန်ကန်ရင် ရမှာပေါ့” ဟု တာဝန်ရှိသူက ပြောသည်။

ပိတ်ထားကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို အမှန်တကယ် ပိတ်ထားခြင်းရှိ/မရှိ စစ်ဆေးကာ ပိတ်ထားကြောင်း မှန်ကန်ပါ က ရက်ပိုင်းဖြစ်စေ၊ လပိုင်းဖြစ်စေ အလုပ်ရပ်နားခံရသည့် အလုပ်သမားများသည် လူမှုဖူလုံရေးကြေး ခံစားခွင့်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူမှုဖူလုံရေးကြေးကို အလုပ်သမား က လစာငွေ၏ ၂ ရာခိုင်နှုန်း၊ အလုပ်ရှင် က ၃ ရာခိုင်နှုန်း စုစုပေါင်း လုပ်ခလစာ၏ ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရုံးတွင် ၁၅ ရက်ထက်နောက်မကျစေဘဲ အလုပ်ရှင် ကဖြစ်စေ၊ အလုပ်သမားကိုယ်တိုင်က ဖြစ်စေ ပေးသွင်းရကြောင်း တာဝန်ရှိသူ က ဆိုသည်။

လူမှုဖူလုံရေးကြေး ထည့်ဝင်ထား သည့် အလုပ်သမားသည် နာမကျန်းဖြစ် သည့်အခါ ဆေးကုသခွင့်၊ မီးဖွားခွင့်၊ မီးဖွားစရိတ်၊ မိခင်နှင့် တစ်နှစ်အောက် ကလေး ဆေးကုသစရိတ်၊ လုပ်ငန်းခွင် ထိခိုက်မှုအတွက် အလုပ်သမားလျော်ကြေး၊ သေဆုံးမှုအတွက် လျော်ကြေး၊ အသုဘစရိတ် စသဖြင့်အကျိုးခံစားခွင့် ၁၅ မျိုးခန့်ကို အဆတိုးဖြင့် လူမှုဖူလုံ ရေးရုံးမှ ပြန်လည်ထောက်ပံ့ ပေးသည်ဟု တာဝန်ရှိသူက ရှင်းပြသည်။

တိုင်းအတွင်း လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၄၈၀ ရှိပြီး လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသည့် အလုပ်သမား တစ်သောင်းကျော်(၁၁၀၇၉)ဦးရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။

မိုးမြင့်