အစ္စရေး-အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးတက်၊ ပြည်တွင်းရွှေစျေးလည်းတက်နိုင်

အစ္စရေးက အီရန်နိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်က ပြောဆိုခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေး မြင့်တက်သွားပြီး ပြည်တွင်းရွှေဈေးလည်း မြင့်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။ ပြီးခဲ့သည့်အပတ်က အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒရုန်းနှင့် တာဝေးပစ်ဒုံးရာချီပစ်ခတ်ခဲ့မှုကို အစ္စရေးက လက်တုန့်ပြန်သည့်အနေဖြင့်...

ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ သံချပ်ကာကားများဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ...

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို လွတ်ငြိမ်းခွင့်ပေးသည့်ရက်တွင် စစ်ကောင်စီပြန်ဖမ်း

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို လွတ်ငြိမ်းခွင့်ဖြင့် ဧပြီလ ၁၇ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ယင်းနေ့ညတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွား ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

စစ်ကောင်စီလွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်သာပါဝင်

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ရာကျော် ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ဧပြီလ ၁၈ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လွတ်ငြိမ်း နိုင်ငံရေးသမားအချို့နှင့် ထင်ရှားသူအချို့ပါဝင်

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာ၌ ဝန်ကြီး၊ လွှတ်တော်အမတ်အချို့နှင့် ထင်ရှားသူအချို့သာ ပါဝင်လာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးဇော်ဝင်းတို့ မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့...

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ရုံး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးထားသိုသည့်နေရာ ဧပြီလ ၁၅ရက်က မီးလောင်ပျက်စီးသွားကြောင်း MSF က ထုတ်ပြန်သည်။ ဝန်ထမ်းများ ထိခိုက်မှု မရှိခဲ့သော်လည်း ဆေးပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ အားလုံးပျက်စီးခဲ့ရပြီး အသက်...

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသားသုံးထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပျံလွန်တော်မူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံကလောင်းကျေးရွာ ကျောင်းထိုင်ဆရာတော်သည် ဒါယကာတစ်ဦးနှင့်အတူ ကားဖြင့်...

မလွှဲတောင် ကိုးမိုင်ရွာတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတာဝန်ခံ ကျဆုံး

ရေးမြို့နယ်၊ ကိုးမိုင်ရွာ အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၂ ရက်နေ့က မွန်နှင့်တနင်္သာရီ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတပ်စုတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက ယနေ့ထုတ်ပြန်သည်။

မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။ “ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ”...