တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၇ ရက်မှ ၁၂ ရက်နေ့အထိ မြဝတီမြို့ကို...

တိုက်ခိုက်ခံရနိုင်သောကြောင့် ရခိုင်တွင်သင်္ကြန်ကာလ လူစုလူဝေးဖြင့်ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA ပန်ကြား

ရခိုင်တွင်သင်္ကြန်ကာလ တိုက်ခိုက်ခံရမှုများရှိလာနိုင်သောကြောင့် ရေကစားခြင်း၊ လူစုလူဝေးဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းလုပ်ခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား‌ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး AA...

ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် ၂ တံတား ယာယီပိတ်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသော မြဝတီမြို့ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ကြောင့် မဲဆောက်ဘက်တွင် ပစ္စည်းတင်ပို့ယာဉ်...

အကျိုးစီးပွားဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံအချို့၏ကူညီမှုဖြင့် စစ်ကောင်စီ အာဏာကိုဖက်တွယ်ထားဟု AA စစ်ဦးစီးချုပ်ပြော

စစ်ကောင်စီသည် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် အာဏာကို ဆက်လက်ဖက်တွယ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ ဧပြီလ ၁၀ ရက်က AA...

ခလရ ၂၇၅ကို သိမ်းယူပြီး မြဝတီကို KNU ထိန်းချုပ်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ဝင်ခွင့်တောင်း

ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ ဧပြီလ ၁၁ရက် နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က...

မြဝတီ ခလရ ၂၇၅ ကို KNLAနှင့်ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်၍ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ပြေးရန်ပြင်

ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သော ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်ရှောင်များကို ကူညီနေသည့် မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာ အောင်နိုင်ဦးသည် ဧပြီလ...

မြန်မာတွင် မိုင်းကြောင့် သေဆုံးမှုအမြင့်ဆုံးဖြစ်လာ၊ တစ်နှစ်အတွင်း တစ်ထောင်ကျော်သေဆုံး

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လူ တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် အခြားစစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း စိုးရိမ်ဖွယ် အဆင့်ရောက်ရှိလာခဲ့ပြီး...

မြဝတီ ခလရ ၂၇၅ တပ်ရင်းကို KNLAနှင့် တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီအနီးက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် စတင်တိုက်ခိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယနေ့ ဧပြီလ ၉...

စစ်ကောင်စီတပ် ဒုခေါင်းဆောင်ရောက်နေသည့် ရတခဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေသည့် မော်လမြိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဧပြီလ ၈ ရက်နေ့ ညနေက ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရတခတွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့...