မြန်မာတွင် မိုင်းကြောင့် သေဆုံးမှုအမြင့်ဆုံးဖြစ်လာ၊ တစ်နှစ်အတွင်း တစ်ထောင်ကျော်သေဆုံး

0
399
NYAUNGSHWE - March 13, 2024: Myat Soe Paing, 14-year-old landmine victim is pictured inside the Buddhist monastery where he is temporarily sheltered with his family among other internally displaced families, in Nyaungshwe, southern Shan State, Myanmar. On the afternoon of July 15th in 2023, Myat Soe Paing accompanied his father to search for their injured cow. "I was just following my father when I suddenly heard a loud noise and my body flew above the ground," the boy recounts "I thought it was a mortar dr

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လူ တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် အခြားစစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း စိုးရိမ်ဖွယ် အဆင့်ရောက်ရှိလာခဲ့ပြီး အရပ်သားများအတွက် ဆိုးရွားသည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး UNOCHA က ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးမှု မြင့်တက်လာပြီး လူ ၁၀၅၂ ဦး သေဆုံးကြောင်း ဆိုသည်။ မှတ်တမ်းတင်သည့် ကာလတစ်လျှောက် သေဆုံးမှုအမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်က သေဆုံးသူ ၃၉၀ နှင့် နှိုင်းယှဉ်လျှင် ၂၇၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူများ၏ ၂၁ ရာခိုင်နှုန်းနီးပါး ဦးရေ နှစ်ရာကျော်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

တိုင်းနှင့်ပြည်နယ်အလိုက် ထိခိုက်သေဆုံးမှု အများဆုံးစာရင်းတွင် ၃၅ ရာခိုင်နှုန်းဖြင့် စစ်ကိုင်းတိုင်းက ထိပ်ဆုံးတွင် ရှိနေပြီး ရှမ်းပြည်နယ်က ၁၂ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ ပဲခူးတိုင်း ၉ရာခိုင်နှုန်းဖြင့် တတိယအများဆုံးဖြစ်ကြောင်း ဖော်ပြသည်။

နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် မြေမြှုပ်မိုင်း‌ ပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်းလည်း ဆိုသည်။

အဆိုပါ လက်နက်အသုံးပြုမှုများကို ရပ်တန့်ရန်၊ အထူးသဖြင့် အရပ်သားပြည်သူများ နေထိုင်သည့် နေရာများတွင် မလုပ်ရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးကို ကုလသမဂ္ဂက တိုက်တွန်းထားသည်။