ဒေါနတပ်ခွဲ ၄ ရန်ပုံငွေအတွက် ကျင်းပသည့် ထိုင်းတောင်ပိုင်းက ဘောလုံးပွဲ

0
324

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် တော်လှန်ရေးရန်ပုံငွေဘောလုံးပွဲကို ဧပြီလ၂၈ ရက်( ယနေ့)က ကျင်းပခဲ့သည်။

ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) ရန်ပုံငွေအတွက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဘောလုံးပွဲတွင် အသင်းပေါင်း နှစ်ဆယ်ကျော် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

နေ့အပူချိန်မြင့်မားနေချိန်တွင် ကော့စမွေကျွန်းရောက် မြန်မာပြည်သူများက ချွေးတရွှဲရွှဲဖြင့် လာရောက်အားပေးနေကြသည်။

ခရီးသွားလုပ်ငန်းဖြင့် နာမည်ကြီးသည့် ကော့စမွေကျွန်းတွင် ထားဝယ်ဒေသခံများအပါအဝင် တနင်္သာရီတိုင်းသား အများအပြားရှိပြီ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပန်းရံလုပ်ငန်းစသည့် အလုပ်များ လုပ်ကိုင်နေကြသည်။