တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည်...

ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတော့

ကလေးမွေးစမှ ၂လ၊ ၄လ၊ ၆လ၊ ၇လ၊ ၉လ၊ တစ်နှစ်၊ တစ်နှစ်ခွဲ စသဖြင့် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးပေးကြရသည်။ ကာကွယ်ဆေး မထိုးပေးပါက ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းထိခိုက်မှုမှသည် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

ကဒတ်ဥစျေး ၃ ဆခန့်မြင့်တက်

ထားဝယ်တွင်လူကြိုက်များပြီး ဟင်းချိုချက်စားရသော ကဒတ်ဥများ စျေးတက်နေပြီး ယခင်ကထက် ၃ ဆခန့်စျေးပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ကဒက်ဥတစ်ချောင်း ယခင်က အသေးအကြီးလိုက် ၍ သုံးရာကျပ်မှ ငါးရာကျပ်အထိ ပေးဝယ်နေရာမှာ ယခုနှစ်တွင် ယခင်က သုံးရာကျပ်...

ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့...

သရက်ချောင်းတွင် တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်၊ ဒေသခံများ စစ်ဘေးရှောင်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ သရက်ချောင်မြို့နယ်ရှိ လောင်းမင်းဖရွာ၊ အင်းပြားနှင့် စော်ဖျားရွာကြား၊ မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လောင်းလုံး ၊ဂေါ့အင်းနှင့် ကဒက်ကြီးတွင် ဒေသခံသုံးဦးပစ်သတ်ခံရဟုထုတ်ပြန်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနှင့် ကဒက်ကြီးကျေးရွာနေ ဒေသခံသုံးဦး ဇွန်လ ၂၆ ရက်ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့ထံမှ သိရသည်။ ယင်းည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးကျေးရွာသို့ရောက်လာပြီး...

မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်တွေ့ဟု လယ်သမားအချို့ပြော

တနင်္သာရီတိုင်း၌ လယ်လုပ်ရာသီတွင် မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက မိုးစပါးချေးငွေ မရခြင်းဖြစ်ပြီး ယခုနှစ်ပါဆိုလျှင် ၂ နှစ် ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း...

ရေဖြူ နတ်တွင်းရွာ တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ပစ်သတ်ခံရ

ရေဖြူမြို့နယ် နတ်တွင်း တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ဇွန်၂၄ နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ တွဲဖက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ နွန်ဒဲ ‌(ခေါ်) ဦးအောင်သန်းဆိုသူကို...

တနင်္သာရီတိုင်းတွင် ကျောင်း ၄၀၀ နီးပါးပိတ်ထားရသော်လည်း ကျောင်းတက်သူ တိုးလာဟုဆို

တနင်္သာရီတိုင်း၌ ယခုပညာသင်နှစ်တွင် ကျောင်း ၄၀၀ နီးပါး ပိတ်ထားရသော်လည်း ကျောင်းလာတက်သည့် ကျောင်းသားဦးရေ တိုးလာကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာနှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းနှစ်သောင်းကျော် (၁၂၉,၂၆၃ ဦး)...

ရေဖြူပြည်သူ့ကာကွယ်ရေးတပ်က မူးယစ်အဖွဲ့ကို ဝင်ဖမ်း

ရေဖြူမြို့နယ် ၊ပုဂေါဇွန်းရွာနဲ့ မင်းဒပ်ရွာကြားရှိ မူးယစ်ဂိုဏ်းတစ်ခုကို ဇွန်လ ၂၃ ရက်ညနေ သုံးနာရီခန့်က ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်စီးနင်းခဲ့သည်ဟု ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ မူးယစ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ရာ WY စိတ်ကြွဆေးပြား ၁၂၀၀ ၊ရေခဲ(ခေါ်) ICE ဆယ့်ခြောက်တောင့်နှင့် အထုတ်သုံးထုတ်အပါဝင်...