BREAKING
July 26, 2024
EN MM

သတင်းဆောင်းပါး

အာဏာသိမ်းပြီးနောက် ဆယ်ဆ၊ ဆယ်ဆ – ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော

Dawei Watch

September 28, 2023

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်။ တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ချောင်းလေးမှာ ချိုင့်ခွက်ပေါင်းများစွာ၊ တွင်းပေါင်းများစွာဖြင့် ပျက်စီးလာနေပြီး တစ်နေ့တစ်ခြား ပျက်စီးသည့် ဧရိယာမှာ သိသိသာသာ ပိုမိုကျယ်လာနေသည်။ ယင်းချောင်းလေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း အချိန်တိုအတွင်းမှာပင် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။ လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေသည့် တရားမဝင် ရွှေတူးလုပ်ငန်းများမှာ စိတ်ရှိတိုင်း လုပ်နေကြခြင်းကြောင့် ယင်းသို့ ကာလတိုအတွင်း မြန်မြန်ဆန်ဆန်ပျက်စီး သွားခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံထက် နှစ်ဆကျော်ကျယ်ဝန်းသည့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇင်းဘာချောင်းမှာ ချောင်းပုံသဏ္ဌာန်မရှိတော့ဘဲ လမျက်နှာပြင်ကဲ့သို့ ဖြစ်သွားသည်။ ဒေါ်လာသန်းချီသုံး စီမံကိန်း ဧကလေးသိန်းနှစ်သောင်းကျော် (၄၂၀၀၇၇ ဧက) ကျယ်ဝန်းသည့် အဆိုပါသဘာဝကြိုးဝိုင်းကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံထိန်းသိမ်းထားခြင်းဖြစ်သည်။ ယင်းကြိုးဝိုင်းမှာ ထားဝယ်ခရိုင်အတွင်းတည်ရှိပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည်။ ယခုအချိန်တွင် အတားအဆီးမဲ့ ရွှေတူးနေကြသည့် ယင်းတနင်္သာရီ […]