BREAKING
July 27, 2024
EN MM

သတင်းဆောင်းပါး

အဓမ္မစစ်မှုထမ်းခိုင်းရန် ခရီးသွားများကို ပစ်မှတ်ထားလာသည့် စစ်ကောင်စီ

Dawei Watch

July 25, 2024

စစ်မှုမထမ်းမနေရဟုဆိုကာ အဓမ္မဥပဒေပြဋ္ဌာန်းပြီး စစ်သားစုဆောင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက် သင်တန်းသားရရှိရေ အခက်အခဲများရှိလာနေသဖြင့် သတ်မှတ်အရေအတွက် ပြည့်မီရန် နည်းလမ်းပေါင်းစုံ အသုံးပြုလာနေသည်။ လတ်တလော Dawei Watch က စုံစမ်းသိရှိရသည့် အချက်အလက်များအရ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသော အခြားဒေသမှ ခရီးသွားများကို ဖမ်းဆီးကာ စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်လာခြင်းပင်ဖြစ်သည်။ အဓမ္မ စစ်မှုထမ်းရန် စေခိုင်းမှု၊ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေကြပြီး တနင်္သာရီတိုင်းကိုဖြတ်၍လည်း ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုအများအပြား ရှိနေသည်။ ယင်းအခြေအနေကို အသုံးချကာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းရန် လုပ်ဆောင်လာခြင်းဟု မျက်မြင်ကြုံရသည့် ကားသမားများက ဆိုသည်။ ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းကိုလာသည့် လူငယ်ခရီးသည်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိနေပြီး အဓမ္မစစ်မှုထမ်းခိုင်းရန် […]

အတ္တလောင်းရိပ်မိ ပန်းကလေးများ

Dawei Watch

July 4, 2024

မိုးရာသီ ကောင်းကင်တစ်ခွင်လုံး တိမ်မည်းတွေအုပ်ဆိုင်းနေပေမယ့် ဒေါ်ထွေးရီရဲ့ ကမ္ဘာလေးမှာတော့ ကြည်လင်သာယာလွန်းတဲ့ တိမ်ပြာပြာနေ့တစ်နေ့ပါပဲ။ ရွာမှာရှိတဲ့ ဘကကျောင်းမှာ ကလေးတွေကျောင်းတက်ခွင့်ရတော့မှာဆိုတဲ့ အသိက သိန်းထီပေါက်တာထက်ကို သူမကို ပျော်ရွှင်စေခဲ့တာပါ။ “ကျောင်းဖွင့်တော့မယ်ဆိုတော့ ဝမ်းပန်းတသာနဲ့ ကျောင်းသွားအပ်ထားတာ…” လို့ ဒေါ်ထွေးရီကဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်က ၄၈ နာရီတောင် မခံလိုက်ပါ။ စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချနင်းဖျက်ဆီးခံလိုက်ရပါတော့တယ်။ “အခုတော့ ကျောင်းမဖွင့်တော့ဘူးဆိုတော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူးလေ။ ငါတို့က သူများတွေလို မြို့တွေမှာလည်း ထားနိုင်တဲ့သူတွေမဟုတ်ဘူး” ဖုန်းထဲကတစ်ဆင့် ကြားနေရတဲ့ ဒေါ်ထွေးရီရဲ့အသံ တိမ်ဝင်ပျောက်ကွယ်သွားပါတယ်။ သူတို့တစ်ရွာလုံးလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ကြ။ ပြန်မပြောရဲကြ။ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားပိုင်ခွင့်ရှိနေစေဖို့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပြဋ္ဌာန်းထားပြီး အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အခြေခံပညာရေးကို အခမဲ့သင်ကြားပေးဖို့ ပြဋ္ဌာန်းထား ပါတယ်။ […]

စစ်ကောင်စီလက်ထက် ခေတ်စားလာသည့် လက်ထိယဉ်ကျေးမှု

Dawei Watch

April 1, 2024

ကားထဲမှ ထွက်လာသည့် လက်သီးဆုပ်ထားသော လက်တစ်ဖက်နှင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ယူနီဖောင်းဝတ်၏ လက်တစ်ဖက်ထိတွေ့သွားပြီးနောက် အတားအဆီးများ မရှိတော့။ ယင်းမှာ စစ်ကောင်စီလက်ထက်တွင် ထွန်းကားလာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ လမ်းပေါ်က စစ်ဆေးရေးဂိတ်များတွင်ပဲလား ဆိုတော့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးများမှသည် ဌာနဆိုင်ရာများအားလုံးတွင်လည်း ယင်သို့ပင်ရှိနေသည်။ ထိုင်းနိုင်ငံတွင် လူတစ်ဦးနှင့်တစ်ဦး တွေ့ပါက လက်အုပ်ချီနှုတ်ဆက်သကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လက်ချင်းထိယဉ်ကျေးမှုက ခေတ်စားလာခြင်းဖြစ်သည်။ သို့သော် နှုတ်ဆက်သည်တော့မဟုတ်။ စစ်ကောင်စီလက်ထက် ပိုမိုရှုပ်ထွေးလာသည့် ကြိုးနီစနစ်များကို ဖြတ်ကျော်နိုင်ရန် လာဘ်ထိုးရခြင်းဖြစ်သည်။ လာဘ်မထိုးပါက စစ်ဆေးရေးဂိတ်တစ်ခုကို အလွယ်တကူဖြတ်သန်း၍ မရသလို ရပ်ကွက်ထောက်ခံစာပင် မရသည့် အခြေအနေကို ဆိုက်ရောက်နေသည်။ အောက်ခြေအဆင့် ရပ်ကျေးစာရေးတစ်ဦးထံတွင် ထောက်ခံစာရေးသည်ကအစ ငွေကျပ် ၃၀၀၀ ခန့် မဖြစ်မနေပေးနေရသည်။ ပြည်သူများမှာ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူ‌စောထီးများ၊ စစ်ကောင်စီတပ်သားများအတွက် […]

စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

Dawei Watch

March 21, 2024

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။ ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။ “အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု စောမိညိုအနီးရှိ မြို့ခံတစ်ဦးက မတ်လ ၁၉ ရက်နေ့က ပြောဆိုသည်။ စောမိညိုတွင် နေထိုင်သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး နေအိမ်ဖျက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်ဖျက်ပေးရန် ၅ ရက်သာအချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်ပေး၊ မပြောင်းပေးသူများကို ထောင်ချမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။ နေစရာဘုံပျောက်သွားသည့် စောမိညိုဒေသခံအချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်ကြရသည်ဟု ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သူတို့က ဆိုသည်။ နေအိမ်‌များဖယ်ခိုင်းခဲ့သော်လည်း စစ်ကောင်စီက မည်သည့် အကူအညီ အထောက်အပံ့မှ မပေးခဲ့ဟုဆိုသည်။ ‌“မြေကတော့ […]

“သတ်သေချင်စိတ်ပါ‌ ပေါက်တယ်” အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်လာသည့် စစ်ကောင်စီ

Dawei Watch

March 17, 2024

စစ်ကောင်စီက ထားဝယ်မြို့တွင် စစ်မှုထမ်းစာရင်း စကောက်နေပြီဖြစ်သည်။ အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံးအစရှိသည့် မြို့နယ်တို့တွင်လည်း စာရင်းစကောက်နေပြီဖြစ်သည်။ ထားဝယ်မြို့တွင်မူ မတ်လ ၁၇ ရက်နေ့မှစပြီး စုပေါင်းရုံးဟုခေါ်သည့် ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ စစ်မှုထမ်းစာရင်းပါသူများ လာရောက်ရန် ဆင့်ခေါ်ထားသည်။ စစ်မှုထမ်းစာရင်း ပါနေသူများထဲမှ ထွက်ပြေး‌၊ တိမ်းရှောင်နိုင်သူများက နေရပ်စွန့်ခွာနေကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နိုင်ခြင်း မရှိသူများလည်း ရှိနေသည်။ Dawei Watch အနေဖြင့် ထားဝယ်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ စစ်မှုထမ်းစာရင်းပါဝင်နေသူ ၆ ဦး၏ အကြောင်းကို စုံစမ်းကြည့်ရာ ၄ ဦးမှာ နေရပ်တွင်မရှိတော့ဟု ဖြေဆိုကြသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုအပေါ် လူငယ်ထုက စိုးရိမ်နေကြပြီး စစ်မှုထမ်းစာရင်းတွင် နာမည်မပါသေးသူများလည်း ကြိုတင်နေရပ်စွန့်ခွာကာ လုံခြုံရာဒေသများကို […]

မီးခိုးငွေ့တွေကြား တောစကားတောင်စကား

Dawei Watch

March 10, 2024

ကျနော်တို့ကားလေးဟာ တောင်စဉ်တောင်တန်းတွေကြားထဲက မြေသားလမ်းတစ်လျှောက် ဆင်းလိုက်၊ တက်လိုက်၊ ကွေ့လိုက်ပတ်လိုက်နဲ့ ပြေးလွှားနေပါတယ်။ သစ်တောကြီးတွေကလည်း တောင်တန်းတွေနဲ့ လျှိုတွေထဲက သစ်တောကြီးတွေကလည်း အုံ့အုံ့ဆိုင်းဆိုင်းပါပဲ။ ရိတ်သိမ်းပြီးစ တောင်ယာခင်းတွေဟာလည်း သစ်တောတွေရဲ့ကြားထဲမှာ ခေါင်ခေါင်ပြောင်ပြောင် ဖြစ်လို့နေပါတယ်။ နေက ကျဲကျဲတောက်ပူနေတာကြောင့် တောင်ယာတဲကလေးတွေဟာ ဖြူရော်နွမ်းလျလို့ နေကြပါတယ်။ အဲဒီမြင်ကွင်းဟာ ကျနော့်ကို အတွေးတွေအများကြီး မွေးဖွားပေးလိုက်တာပါပဲ။ တလောက သွားခဲ့တဲ့ ခရီးတစ်ခုမှာ မြင်ခဲ့ရတာကို လှမ်းပြီး သတိရမိနေတာပါ။ ဒီရက်ပိုင်း ကျနော်နေထိုင်ရာ မြို့ရဲ့ ကောင်းကင်တစ်ခွင်မှာ ပိတ်ပိတ်သည်းသည်း ဖြစ်နေတဲ့ မီးခိုးမြူတွေဟာ အသက်ရှူခက်စေ၊ မျက်လုံးတွေကို ကျိန်းစပ်စေ၊ ဦးခေါင်းတွေကို နောက်ကျိစေပါတယ်။ အသက်ရှူမဝသလိုလိုဖြစ်၊ မျက်ရည်ပူတွေကျ၊ နားထင်တွေ ကိုက်သလိုလို ခံစားရ။ မီးခိုးရာသီ။ နှစ်စဉ်လိုလိုပဲ ဒီဒေသမှာ မီးခိုးရာသီ ရှိနေခဲ့ပါပြီ။ နွေ၊ […]