စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။ ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။ “အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု...

“သတ်သေချင်စိတ်ပါ‌ ပေါက်တယ်” အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်လာသည့် စစ်ကောင်စီ

စစ်ကောင်စီက ထားဝယ်မြို့တွင် စစ်မှုထမ်းစာရင်း စကောက်နေပြီဖြစ်သည်။ အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံးအစရှိသည့် မြို့နယ်တို့တွင်လည်း စာရင်းစကောက်နေပြီဖြစ်သည်။ ထားဝယ်မြို့တွင်မူ မတ်လ ၁၇ ရက်နေ့မှစပြီး စုပေါင်းရုံးဟုခေါ်သည့် ထားဝယ်မြို့နယ်...

ခေတ်ပျက်ချိန် ဘဝကိုရင်းကြသူများ

ဆိုင်ကယ်ပွဲစား ကိုကျော် (အမည်လွှဲ) တစ်ယောက် လက်ဖက်ရည်ဆိုင်အတွင်း လူရှင်းသည့် စားပွဲတစ်လုံးတွင် ဖုန်းတစ်လုံးနှင့် အချိန်ပြည့်အလုပ်ရှုပ်နေသည်။ ဖုန်းစကရင်‌ပေါ်တွင် လည်နေသည့် တိရစ္ဆာန်အကောင်လေးများကို မျက်တောင်မခတ်တမ်း ကြည့်ရင်း လက်ကလည်း ဖုန်းမျက်နှာပြင်ကို တစ်ချက်၊ တစ်ချက် နှိပ်နေပြန်သည်။

လေကြောင်းတိုက်ခိုက်မှုခံလာရသည့် တောင်ပိုင်း

၂၀၂၄ နှစ်ဦးပိုင်းမှစပြီး တောင်ပိုင်းဒေသတွင် တော်လှန်ရေး အားကောင်းလာသလို စစ်ကောင်စီကလည်း နယ်မြေစိုးမိုးနိုင်ရေးအတွက် နည်းလမ်းစုံသုံးကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို လေးကြောင်းပစ်ကူဖြင့် ဖိတိုက်လာနေခြင်းဖြစ်သည်။ ယခုနှစ်ဦးပိုင်း တောင်ပိုင်းတော်လှန်ရေးတပ်ဖွဲ့များ၏...

ဘုရားတပြီး ခရီးသွားနေရသည့် တောင်ပိုင်းသားများ

ရန်ကုန်မြို့သို့ကားဖြင့် ခရီးသွားလေ့ရှိသည့် မြိတ်မြို့နေ မဖြူထွေးတစ်ယောက် ယခုတော့ ကားခထက် သုံးဆခန့် ပိုမိုကုန်ကျသည့် လေယာဉ်ဖြင့်သာ သွားတော့သည်။ အသက် ၂၅ နှစ်အရွယ် မဖြူထွေးသည် ရန်ကုန်မြို့တွင် အလုပ်ကိစ္စရှိပါက ခရီးသည်တင်ကားဖြင့်သာ ခရီးသွားလေ့ရှိသူဖြစ်သည်။

လောင်းလုံးသပိတ်၏ ရက် ၄၀၀ ကျော် မာရသွန်ခရီး

သေနတ်ဒဏ်ရာကြောင့် ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားသော ဆန္ဒပြရဲဘော်‌ကို အရေးပေါ်ကုသမှုများ လုပ်နေသည့် လူငယ်တစ်ဦး၏ မျက်နှာတွင် မျက်ရည်များစီးကျလာနေသည်။ အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ရဲဘော်ကို အသက်ကယ်နိုင်ရေး မျှော်လင့်ချက်ကို မစွန့်ဘဲ အစွမ်းကုန်ကူညီရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။

ငရဲခန်းထဲက မျိုးဆက်သစ်

"ကိုယ်ဝန်ဆောင် မိခင်က ထိတ်လန့်နေတာ။ စစ်ရှောင်ရတော့ ပြေးရ လွှားရအခြေအနေပေါ့။ သူစိုးရိမ် ထိတ်လန့်နေတာကို ကျွန်မတို့က ပြန်ပြီး စိုးရိမ်နေရတာပါ။ ရှောရှောရှူရှူ မွေးပေးနိုင်ပါ့မလားပေါ့" စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မွေးလူနာတချို့ကို မီးဖွားပေးနေတဲ့ "နွေဦးကံ့ကော်" ဆေးခန်းရဲ့...

တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ အက်ကြောင်း ခဲခြစ်

ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ထားဝယ်-ထီးခီးလမ်း တိုက်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံ ကန်ချနဘူရီ နှင့် ထားဝယ်ဒေသကို ဆက်သွယ်ထားရာ ယင်းလမ်းပိုင်း ဝါးတောကျေးရွာအနီး ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေ တပ်မတော်တို့ တိုက်ပွဲ...

ဝန်ကြီးချုပ်ဟောင်း၏ ထောင်မှတရားခွင် ပထမနေ့

မတ်လ ၂၅ ရက်၊ နွေနေ့လယ်။ ထားဝယ်မြို့ ရေးလမ်းပေါ်က တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့မှာ သတင်းထောက်တစ်စု နေပူဒဏ်ကို လျစ်လျူရှုပြီး ထားဝယ်ထောင်ကနေ မောင်းလာမယ့် အထူးယာဉ်တန်းတစ်ခုကို သဲကြီးမဲကြီး မျှော်နေကြတယ်။ မွန်းလွဲ ၁ နာရီကျော်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်က...

ရက်ပေါင်း ၆၄၀ အကြာ အာဏာဖီဆန်ရေးဒေါက်တိုင်များ

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိသစ်စက်လုပ်ငန်းခွင်တွင် ယောက်ျားများနှင့်အပြိုင် လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် အသားဖြူဖြူ အမျိုးသမီးတစ်ဦး။ တစ်ချိန်က မြေဖြူခဲကိုင်ခဲ့သည့် သူ၏လက်တစ်စုံမှာ အခုတော့ လွှစက်များအကြားတွင် သစ်တုံးကြီးများကို ထမ်းမကာ ခပ်ကြမ်းကြမ်း လုပ်ကိုင်နေရသည်။