တော်လှန်ရေးအရှိန် တက်လာစေတဲ့ အဓမ္မစစ်မှုထမ်းဥပဒေ

မလေးရှားနိုင်ငံမှ မြန်မာပြည် မွေးရပ်ဇာတိကို အပြီးပြန်လာတာ မကြာသေးတဲ့ ကိုညီညီတစ်ယောက် နေရပ်ကို ထပ်ပြီးစွန့်ခွာဖို့ စဉ်းစားနေရပါပြီ။ အာဏာသိမ်းစစ်တပ်က လက်မှတ်ထိုး အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေက ကိုညီညီကို နေရပ်စွန့်ခွာဖို့ ဖိအားပေးလာခဲ့တာပါ။

“ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား…”

(၁) ပြည်ထောင်စုနေ့ဆိုတာ ဘာလဲ ပြည်ထောင်စုနေ့ နီးလာပြီဆိုတော့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲမှာ ဘယ်တိုင်းရင်းသားဝတ်စုံက အလှဆုံးလဲ၊ ဘယ်ပြည်နယ်က ကတာ အကောင်းဆုံးလဲ၊ ပြည်ထောင်စုနေ့ ညစာစားပွဲ ဘယ်သူတွေ တက်သလဲ… စသဖြင့်...

၇ နာရီကြာ ကျောက်မဲတောင် စခန်းသိမ်းတိုက်ပွဲ ဘာကြောင့် မအောင်မြင်တာလဲ

ထားဝယ်-ထီးခီးသွားကားလမ်းဘေးက ကျောက်မဲတောင်စခန်းကို သိမ်းနိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေး စုပေါင်းတပ်များက ၇ နာရီကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရသည်။ အခိုင်အမာတည်ဆောက် ထားသည့် စစ်ကောင်စီ၏ ကျောက်မဲတောင်စခန်းကို နိုဝင်ဘာ ၂၃ ရက် နံနက်...

ကူရာမဲ့နေသည့် အိမ်မီးရှို့ခံရသူများ

ရွာအလယ်မှ ထွက်ပေါ်လာသည့် မီးခိုးလုံးများကို ကြည့်နေရင်း မိမိတို့အိမ်လေး မီးရှို့ခံရပြီလားဟု စိုးရိမ်နေသူများထဲတွင် ကိုခိုင်စိုး(အမည်လွှဲ)လည်းပါသည်။ ငြိမ်းချမ်းသာယာခဲ့သည့် ပင်လယ်ကမ်းခြေ တံငါရွာလေး။ ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်စပြုနေသည့် ဖိုးဖိုးကျောက်ကမ်းခြေ တည်ရှိရာ ညောပြင်ကျေးရွာလေးမှာ ယခုတော့ မီးခိုးလုံးကြီးများ တလူလူထွက်နေသည်။

ခြံထွက်သီးနှံ စျေးကွက် ရှာပုံတော်

အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာချိန်မှာတော့ ဒေသသီးနှံတွေ စျေးကွက်ပျက်မှုဒဏ်ကို တောင်သူတွေ ကြုံတွေ့နေကြရပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်းမှာ အဓိကစိုက်ပျိုးလေ့ရှိတဲ့ ကွမ်းသီး၊ ဝဥ၊ ဖာလာ တွေကလည်း ဆိုးဆိုးရွားရွား စျေးကွက်ပျက်တဲ့ အထဲပါဝင်နေပါတယ်။

ဘာဖြစ်လို့ အစ္စရေးက ဒီလို ပြုမူရတာလဲ

အရှေ့အလယ်ပိုင်းက စစ်ပွဲကြီး လုံးလုံးဖြစ်တော့မယ့် ချောက်ကမ်းပါးထဲ ကျဖို့အလိုမှာ သောကြာနေ့မနက်က အစ္စရေးနိုင်ငံ အနေနဲ့ စစ်ပွဲကြီး ၂ ခုကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားနေမိပါတယ်။ အဲဒီမှာ အရေးပါတဲ့ တူညီတဲ့ ၂ ချက်ရှိ ပါတယ်။ အဲဒါက အီရန်နိုင်ငံက...

တရုတ်ရုပ်ရှင်များကြောင့် အရှေ့တောင်အာရှကို ခရီးသွားဖို့ကြောက်လာတဲ့ တရုတ်ပြည်သူတွေ

ယခုနွေရာသီ၏ တရုတ် ထိပ်တန်းရုပ်ရှင် No More Bets ဇာတ်ကားတွင် တရုတ် နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်သည့် Lay Zhang က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏ ဇာတ်ကောင် သည် စင်ကာပူတွင် အတုအယောင်အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက်...

နျူကလီယားဆိုင်ရာ မူဝါဒများကို ဟီနိုရှီးမား မြို့တော်ဝန် ရှုံ့ချ

ဂျပန်နိုင်ငံ ၊ ဟီနိုရှီးမား မြို့အပေါ် အဏုမြူဗုံးကြဲချခြင်း ဖြစ်ရပ်သည် ၂၀၂၃ခုနှစ် ၊ ဩဂုတ်လ ၆ရက်နေ့တွင် ၇၈နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ် အပေါ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပစဉ် ယူကရိန်းနိုင်ငံတွင်း...

ဖွေထိုင်းပါတီ၏ လျာထားဝန်ကြီးချုပ်

ထိပ်တန်း အိမ်ခြံမြေ လုပ်ငန်းစုတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ ၊ ဖွေထိုင်း(Pheu Thai)ပါတီ၏ အသက် ၆၀နှစ်အရွယ် ဆရက်သာ သာဝီဆင်သည် ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်လောင်း နေရာ သို့ ရောက်လာဖွယ်ရှိနေသည်။ လာမည့်ဝန်ကြီးချုပ်...

ထိုင်း ဝန်ကြီးချုပ်နေရာအတွက် အလားအလာရှိသူများ

ယနေ့တွင် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ...